တောင်ကိုရီးယားမင်းသမီး Shin Min Ah ဟာ မသန်စွမ်းကလေးငယ်တွေအတွက် ကိုဗစ် - ၁၉ ရောဂါကုသစရိတ် တောင်ကိုရီးယားဝမ် သန်း ၁၀၀ ကို Korea Developmental Support Association အဖွဲ့ဆီကို လှူဒါန်းပေးခဲ့ပါတယ်။ တောင်ကိုရီးယားဝမ် သန်း ၁၀၀ ဟာ အမေရိကန် ဒေါ်လာ ၈သောင်းကျော်တန်ဖိုးနဲ့ညီမျှတာကြောင့် မြန်မာငွေနဲ့တွက်ကြည့်ရင် သိန်းထောင်နဲ့ချီပါတယ်။

Google

Shin Min Ah ဟာ ဝမ်သန်း ၁၀၀ ကို မသန်စွမ်းကလေးငယ်လေးတွေ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရရင် ကုသဖို့အတွက် အဓိက လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Shin Min Ah ဟာ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တောင်ကိုရီးယား သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ တောင်ကိုရီးယား အနုပညာရှင်တွေထဲမှာ အလှူအတန်းရက်ရောလွန်းလှတဲ့သူအဖြစ်လူသိများတဲ့သူဖြစ်ပါတယ်။

Google

နှစ်စဉ်နှစ်တိုင်းအလှူအတန်းတွေ ပြုလုပ်ပေးကြဖြစ်တဲ့ Shin Min Ah ဟာ ဒီနှစ်မှာလည်း ကိုဗစ် - ၁၉ ရောဂါ ကို ကိုယ်တိုင် မကုသနိုင်တဲ့ မသန်စွမ်းကလေးငယ်လေးတွေအတွက် လိုအပ်တဲ့ ပစ္စည်း လိုအပ်ချက်များကို ဝယ်ယူဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

Google

Shin Min Ah ဟာ ရုပ်ကလေး ချောသလောက် အရမ်းကို စိတ်သဘောထားပြည့်ဝတဲ့သူအဖြစ်လည်း တောင်ကိုရီးယားမှာ နာမည်ကြီးပါတယ်။ သူမရဲ့ ချစ်သူကောင်လေးကတော့ အားလုံးသိကြတဲ့ တောင်ကိုရီးယားမင်းသား Kim Woo Bin ပဲဖြစ်ပါတယ်။

Google

Source - Soompi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။