ပြည်သူ့မင်းသားလေး ပိုင်တံခွန်ဟာ ဖေဖော်ဝါရီလကတည်းကစလို့ ပရိသတ်တွေနဲ့ထပ်တူ ရပ်တည်ခဲ့တဲ့သူဖြစ်သလို အမှန်တရားအတွက် သတ္တိရှိရှိ စွန့်လွှတ်အနစ်နာခဲ့ တဲ့သူဖြစ်ပါတယ်။ ရန်ကုန်မြို့အင်းစိန်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြည်သူ့မင်းသားလေး ပိုင်တံခွန်ဟာဆိုရင် ပြီခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ရုံးချိန်းမှာ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Google

ပြည်သူ့မင်းသားလေး ပိုင်တံခွန်ဟာ ထောင်ထဲကိုရောက်နေခဲ့ပေမယ့် သူ့ရဲ့နာမည်ကတော့ ကမ္ဘာကျော်နေတုန်းပဲဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ  TC Candler မှ  ထုတ်ပြန်ကြေညာတဲ့ ၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့ရုပ်အချောဆုံး အမျိုးသား ၁၀၀ စာရင်းထဲမှာ ကမ္ဘာကျော် ဒိတ်ဒိတ်ကြဲတွေကို ကျော်လွန်ပြီး နံပါတ် ၁ နေရာကို ရရှိခဲ့ပါတယ်။ ကမ္ဘာ့ ရုပ်အချောဆုံးစာရင်းကို အမေရိကန်ပြည်ထောင်စု နီဗားဒါးပြည်နယ် လာစ်ဗီးဂက်စ် အခြေစိုက် TC Candler မှ ၁၉၉၀ ခုနှစ်ကတည်းက  ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Google

ပြည်သူ့မင်းသားလေး ပိုင်တံခွန်ဟာ TC Candler မှထုတ်ပြန်ကြေညာတဲ့ ကမ္ဘာ့ရုပ်အချောဆုံး အယောက် ၁၀၀ စာရင်းထဲမှာ ပါဝင်လာခဲ့တာ အခုအကြိမ်နဲ့ဆိုရင် ဒုတိယ အကြိမ်မြောက်ရှိနေပါပြီ။ ပထမအကြိမ်တုန်းကတော့ နံပါတ် ၁၀ နေရာမှ ရှိနေခဲ့တာပါ။ အခုတစ်ခေါက်မှာတာ့ နံပါတ် ၁ နေရာကိုရရှိပိုင်ဆိုင်သွားခဲ့တာပဲဖြစ်ပါတယ်။ ထောင်ထဲကိုရောက်ရှိနေပေမယ့် နာမည်က ကမ္ဘာပတ်နေတဲ့ သားဖြစ်သူလေးအတွက် ပိုင်တံခွန်ရဲ့ မိခင်ကြီးက သူမရဲ့ သားလေးအတွက် ဂုဏ်ယူကြောင်း အခုလိုလေးဆိုလာခဲ့ပါတယ်။

Aunty Kyu Kyu's Facebook

“သားအတွက် မေမေ ဂုဏ်ယူပါတယ် သားရေ...

ဂုဏ်ယူရတဲ့ မေမေ့သားအတွက် မေမေ ကျန်းမာအောင်နေပါ့မယ်...”

Google

အန်တီရေးထားတဲ့ စာလေးက အရမ်းကို တိုပေမယ့် မိခင်တစ်ယောက်ရဲ့ သားဖြစ်သူအပေါ်ထားတဲ့ ချစ်တဲ့စိတ် ၊ ဂုဏ်ယူနေတဲ့စိတ်၊ စိတ်ချစေချင်တဲ့စိတ် လေးတွေကို အတိုင်းသား တွေ့မြင်နေရပါတယ်။ ပြည်သူ့မင်းသားလေး ပိုင်တံခွန်ရဲ့ အောင်မြင်မှုဟာလည်း မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ပရိသတ်တွေအားလုံးအတွက်ပါ ဝမ်းသာဂုဏ်ယူဖို့ကောင်းတဲ့ သတင်းကောင်းလေး ဖြစ်ပါတယ်။ ဒါကြောင့်  ပိုင်တံခွန်အမြန်ဆုံး ပြန်လည်လွတ်မြောက်လာစေဖို့အတွက် ဝိုင်းပြီးဆုတောင်းပေးကြရအောင်နော်။

Google

Source - Aunty Kyu Kyu 's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။