ကိုအာကြီးလေးလို့လူသိများတဲ့ ကိုခိုင်ထက်ဦးမောင်လေးဟာ သူ့ရဲ့ စိတ်မကောင်းဖွယ်ရာဘဝအကြောင်းလေးကြောင့် လူတော်တော်များများ ရဲ့ အချစ်တော်လေး ဖြစ်နေတဲ့ ကလေးလေးဖြစ်ပါတယ်။ အရမ်းကို ချစ်ဖို့ကောင်းပြီး လုံးလုံးတစ်တစ်လေးဖြစ်နေတဲ့ ကိုခိုင်ထက်ဦးမောင်လေးဟာ နှုတ်ခမ်းအနေအထားလေး ပုံစံမကျတာကြောင့် ဂေဟာကိုစတင်ရောက်ရှိလာတုန်းကဆိုရင် မေမေခိုင်နှင်းဝေတစ်ယောက် နို့ဘူးတိုက်ဖို့ တော်တော် အခက် အခဲ ဖြစ်ခဲ့ရပါတယ်။

Khine Hnin Wai's Facebook

မိခင်အရင်းထက်တောင် ပိုပြီးစိတ်ရှည်တဲ့ စေတနာမေတ္တာနဲ့ ပြုစုစောင့်ရှောက်ခဲ့ရတဲ့ ကိုခိုင်ထက်ဦးမောင်လေးဟာ အခုဆိုရင် ကျန်းကျန်းမာမာလေးနဲ့ ကောင်းကောင်းမွန်မွန်လေးကြီးပြင်းလာခဲ့ပါပြီ။ ကိုခိုင်ထက်ဦးမောင်လေးကို လူအများက ကိုအာကြီးလေးလို့ သိကြပေမယ့် ကြီးလာရင်ကလေးနာမည်လေး ပျက်သွားမှာစိုးရိမ်တာကြောင့် မေမေခိုင်နှင်းဝေ ကိုယ်တိုင်က နာမည် အရင်းကိုပဲ ခေါ်ပါတော့တယ်။

Khine Hnin Wai's Facebook

ကိုခိုင်ထက်ဦးမောင်လေး အရွယ်ရောက်လာရင်လည်း နှုတ်ခမ်းပုံစံလေးကို ပုံမှန်လူတွေအတိုင်းဖြစ်သွားအောင် သေသေချာချာ လှလှပပလေး ခွဲစိတ်ပေးသွားမယ်လို့လည်း မေမေခိုင်နှင်းဝေက ပြောထားဖူးပါတယ်။

Khine Hnin Wai's Facebook

အခုပုံစံလေးနဲ့တောင် အရမ်းကို လည်ပြီးချစ်ဖို့ကောင်းနေတဲ့ ကိုခိုင်ထက်ဦးမောင်လေးဟာ ခွဲစိတ်ပြီးသွားရင်တော်တော် လူချောလေးဖြစ်လာမှာနော်။မေမေခိုင်နှင်းဝေ တင်ထားတဲ့ ချစ်ဖို့ကောင်းတဲ့ ကိုခိုင်ထက်ဦးမောင်လေး ရောက်ခါစက ဗီဒီယိုလေးကို ကြည့်သွားလိုက်ပါဦး။

Khine Hnin Wai's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။