စံပြအနေနဲ့ရပ်တည်နေတဲ့ တောင်ကိုရီးယား အနုပညာရှင် မိသားစုတွေထဲမှာ တောင်ကိုရီးယားမင်းသမီး Jeon Ji Hyun တို့ မိသားစုလေးလဲ အပါအဝင်ပဲဖြစ်ပါတယ်။ Jeon Ji Hyun ရဲ့ခင်ပွန်းဖြစ်သူ Choi Jun Hyuk ဟာ Alpha Assets ကုမ္ပဏီရဲ့ စီအီးအိုအဖြစ်လူသိများတဲ့သူဖြစ်ပါတယ်။

Google

ချမ်းသာတဲ့သူဌေးနဲ့လက်ထပ်ဖြစ်ခဲ့တာကြောင့် Jeon Ji Hyun ကို ချမ်းသာတဲ့သူဌေးအပိုင်ဖမ်းတဲ့သူလို့ တချို့ က ပြောကြပါတယ်။ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ Jeon Ji Hyun တို့ရဲ့ အချစ်ဇာတ်လမ်းလေးက အသက်ကြီးမှဖြစ်တည်လာတာမျိုးမဟုတ်ပါဘူး။ Jeon Ji Hyun နဲ့ ခင်ပွန်းဖြစ်သူတို့က မူလတန်းကတည်းက တွေ့ခဲ့ကြတဲ့ သူတွေပါ။

Google

ငယ်ချစ်တွေဖြစ်တာကြောင့် သူတို့ကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာသံယောဇဉ်ဟာ လူတိုင်းထင်ထားတာထက်ကိုပိုပါတယ်။ Jeon Ji Hyun နှင့် သူမရဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ၂၀၁၂ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် သားလေး နှစ်ယောက်တောင် ရရှိပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။  Jeon Ji Hyun ဟာသူမရဲ့ သားဖြစ်သူကိုလည်း တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၄ သောင်းပေးရတဲ့ Chadwick International School မှာ ထားထားတာဖြစ်ပါတယ်။

Google

Jeon Ji Hyun  တစ်ယောက် သူမရဲ့ ချစ်ဖို့ကောင်းတဲ့ မိသားစုလေးနဲ့အတူ အပြင်ထွက်လျှောက်လည်နေတဲ့ ပုံလေးတွေကိုလည်း မကြာခဏတွေ့ရလေ့ရှိပါတယ်။

Google
Google

အိမ်ထောင်ရေးက လူတိုင်းအားကျစရာဖြစ်လာရင် အနှောက်တွေဝင်လာတတ်တယ်ဆိုတဲ့အတိုင်း  Jeon Ji Hyun ရဲ့ ခင်ပွန်းဖြစ်သူဟာ နောက်မိန်းမတစ်ယောက်နဲ့ရှုပ်နေတာကြောင့် ကွာရှင်းကြတော့မယ်ဆိုတဲ့ ကောလာဟလတွေလည်းထွက်ခဲ့ပါတယ်။

Google

ဒါပေမယ့်လည်း ကောလာဟလသာဖြစ်တာကြောင့် နှစ်ဦးနှစ်ဖက်လုံးငြင်းခဲ့တဲ့အပြင် Jeon Ji Hyun ရဲ့ ယောက္ခမကြီးကိုယ်တိုင်က သူ့ရဲ့သားဖြစ်သူကို ဘယ်သူက အခုလိုပြောခဲ့တာလဲဆိုပြီး ဒေါသတွေအရမ်းထွက်ခဲ့ပါတယ်။ သူမရဲ့ သားဖြစ်သူမိသားစုဟာ ပျော်ပျော်ရွှင်ရွှင်ရှိနေဆဲပါဆိုပြီး သူမကိုယ်တိုင် ဖြေရှင်းပေးခဲ့ပါတယ်။ ဒါကြောင့် အခုအချိန်အထိ တောင်ကိုရီးယားမင်းသမီး Jeon Ji Hyun ဟာ ချမ်းသာကြွယ်ဝပြီးအရမ်းကို ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကို ပိုင်ဆိုင်ထားတုန်းပဲဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။