ဟောလိဝုဒ်ရဲ့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Leonardo DiCaprio နှင့် Tobey Maguire တို့ဟာ အရမ်းကို ခင်မင်ကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းသက်တမ်းဟာဆိုရင် နှစ်ပေါင်း ၃၀ ကျော်နေပါပြီ။ သူတို့နှစ်ဦးဟာ ကလေးဘဝတည်းက ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ အတူတူ သရုပ်ဆောင်ဖူးကြသလို အပြင်မှာပါ ရင်းနှီးကြတဲ့သူတွေဖြစ်ကြပါတယ်။ နှစ်ယောက်စလုံးရဲ့ စရိုက်ပုံစံက ခမ်းခမ်းနားနားနေထိုင်ရတာမကြိုက်တာကြောင့်လည်း အသွင်တူလို့ သူငယ်ချင်းဖြစ်နေကြတာလို့ တချို့ကဆိုပါတယ်။

Google

ကလေးဘဝကတည်းက အခင်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ သူတို့နှစ်ယောက် စတင် တွေ့ဖြစ်ပုံလေးက တော့ အထူးအခြားကြီးမဟုတ်ပါဘူး။ ဒီတိုင်းလမ်းပေါ်မှာတွေ့ရင်း ခင်သွားတာပါတဲ့။ အဲဒီအချိန်တုန်းက Leonardo DiCaprio က ကားပေါ်မှာပါ။  ဒီအကြောင်းကို Leonardo DiCaprio ကအခုလို ပြောခဲ့ဖူးပါတယ်။

Google

“ကျွန်တော်သူ့ကို ကားပေါ်ကနေ ဒီလိုခေါ်တာ ..Tobey Tobey .. ဟေ့ ဟေ့ ..” သူကကျွန်တော့်ကို မြင်တော့  ဒီလိုပြန်ဖြေတယ်။ “အာ .. ဟုတ်သားပဲ ..ငါမင်းကိုသိတယ် မင်းကဟိုကောင်လေးလေ” ဒီလိုတွေ့ဖြစ်ခဲ့ကြတာပါ။ ကျွန်တော်က လူတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ချင်လာပြီဆိုရင် သူ့ကို ကျွန်တော့်သူငယ်ချင်းဖြစ်လာအောင် ရအောင်လုပ်ပါတယ်”

Google

Leonardo DiCaprio နှင့် Tobey Maguire တို့ သူငယ်ချင်းတွေစတင်ဖြစ်လာကြတဲ့ အသက်အရွယ်က အသက် ၁၂ နှစ်အရွယ်မှာဖြစ်ပါတယ်။ နှစ်ယောက်စလုံးရဲ့ မိခင်တွေက Single Mother တွေ ဖြစ်တာကြောင့်လည်း သူတို့နှစ်ဦးဟာ ပိုပြီးတော့ ရင်းနှီးလွယ်ခဲ့ကြတာပါ။

Google

Leonardo DiCaprio နှင့် Tobey Maguire တို့နှစ်ယောက်ဟာ ၁၉၉၃ခုနှစ်မှာ “This Boy’s life” ဆိုတဲ့ဇာတ်ကားမှာ အတူတူတွဲသရုပ်ဆောင်ခဲ့ကြပါတယ်။နောက်ထပ် နှစ်ပေါင်း ၂၀ အကြာမှာလည်း “The Great Gatsby” ဆိုတဲ့ဇာတ်ကားမှာ အတူတူတွဲပြီး ထပ်မံသရုပ်ဆောင်ခဲ့ကြပါသေးတယ်။

Google

ကလေးဘဝတည်းက အကောင်းဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်ဟာ အခုအသက်အရွယ်အပိုင်းအခြားတစ်ခုကို ရောက်လာတဲ့အချိန်မှာလည်း အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်နေကြတုန်းပါပဲ။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။