ကင်တေဟီးနှင့် ရိန်းတို့ဟာ တစ်ဦးနှင့်တစ်ဦး နားလည်မှုအပြည့်နဲ့ အရမ်းကိုချစ် ကြတဲ့ စုံတွဲလေးဖြစ်ပါတယ်။ ချစ်စရာ သမီးလေးနှစ်ယောက်နှင့် သာယာပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားကြတဲ့သူတို့နှစ်ယောက်ဟာတောင်ကိုရီးယား အနုပညာရှင်စုံတွဲတွေထဲမှာ စုံပြစုံတွဲလေးဆိုလည်း မမှားပါဘူး။

Google

တောင်ကိုရီးယားမင်းသမီး ကင်တေဟီးဟာ ခင်ပွန်းဖြစ်သူ ရိန်း လက်ရှိရိုက်ကူးနေတဲ့ “Ghost Doctor” ဇာတ်လမ်းတွဲရိုက်ကူးရေးအဖွဲ့ဆီကို ချိုမြိန်လှတဲ့ လက်ဆောင်လေးပို့ပေးခဲ့ပါတယ်။ ဒီအကြောင်းအရာလေးကို ဒီဇင်ဘာလ ၂၂ ရက်နေ့က ရိန်းရဲ့ ကုမ္ပဏီက သူတို့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဓာတ်ပုံလေးနဲ့တကွ “တင်း … တောင် … ချစ်ခြင်းမေတ္တာတွေနဲ့ကော်ဖီကားလေး “Ghost Doctor” ရိုက်ကူးရေးအဖွဲ့ဆီကို ရောက်ရှိလို့လာပါပြီ” ဆိုတဲ့စာလေးနဲ့အတူ တင်ပေးခဲ့တာဖြစ်ပါတယ်။

Instagram

လက်ဆောင်ပို့ပေးခဲ့တဲ့ ကော်ဖီကားလေးရဲ့ စာတန်းလေး မှာ မင်းသား ရိန်း (Jung Ji Hoon) နှင့် “Ghost Doctor” ဇာတ်လမ်း ရိုက်ကူးရေး အဖွဲ့သားတွေအားလုံးအတွက် မင်းသမီး ကင်တေဟီးထံမှ အားပေးမှုလေးဖြစ်ပါတယ်” လို့ရေးထားပါတယ်။

Instagram

ကင်တေဟီးရဲ့ ချစ်တတ်မှုလေးကတော့ အသည်းယားစရာလေးနော်။ အရမ်းကို ဂရုစိုက်ပေးတတ်ရှာတာ။

Google

ရိန်းပါဝင်ထားတဲ့ “Ghost Doctor” ကို “Heirs” ဇာတ်လမ်းရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Boo Sung Chul ကပဲ ရိုက်ကူးမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာလေးက စိတ်ကူးယဉ်ဆန်ဆန် ဆေးပညာဇာတ်လမ်းအမျိုးအစားလေးဖြစ်ပြီး Ghost Doctor ဇာတ်လမ်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ စတင်ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။