Multiplayer Mode နဲ့ဂိမ်းတွေမှာဆို Call of Duty,Counter Strike တို့က နာမည်အကြီးဆုံးပါ ဒါပေမဲ့အဲ့လို Multiplayer ကိုမှ သေနတ်တွေမပါပဲ ကစားရမဲ့ဂိမ်းရှိပါတယ် တစ်သင်းနဲ့တစ်သင်းရင်ဆိုင်ရမဲ့ ဂိမ်းမျိုးကို သေနတ်မပါပဲ ဘယ်လိုဆော့ရမလဲ‌ အဲ့ဂိမ်းတွေထဲမှာပဲ သေနတ်မကိုင်ကြေး Challenge တွေ စိန်ခေါ်ဆော့ကြပေမဲ့ သေနတ်ကို လုံးဝမပါတဲ့ မိုဘိုင်းဂိမ်းတစ်ခုရှိပါတယ် No Guns လို့ခေါ်တဲ့ဂိမ်းလေးပါ 

credit

ဒီဂိမ်းကို အိန္ဒိယဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Glitch Monster ကုမ္ပဏီက ထုတ်လုပ်ပေးထားတာဖြစ်ပြီး လက်ရှိမှာ Early Access ပဲထုတ်ပေးထားပါသေးတယ် ဂိမ်းကိုပြင်ဆင်မူတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ခုချိန်မှာတော့ တော်တော်လေးဆော့ကောင်းတဲ့ အခြေအနေကိုရောက်နေပြီဖြစ်ပါတယ် Multiplayer Deathmatch တင်မက Zombie Mode လည်းပါဝင်ပါသေးတယ်

No Guns 

သေနတ်မပါပဲ အမျိုးမျိုးသောလက်ပစ်ဗုံးတွေ ဓားတွေနဲ့ ရန်သူတွေကို တိုက်ခိုက်ရမှာပါ ကစားသူမှာ Jackpack တစ်ခုလည်းရှိမှာဖြစ်ပြီး မိုးပေါ်တွေပါပျံနိုင်ပါတယ် မြေပုံကတော့ Deathmatch ပုံစံအတိုင်းပဲဖြစ်ပြီး တစ်နေရာနဲ့တစ်နေရာ မိုးပေါ်ပျံပြီး လျှောက်သွားနိုင်မှာပါ ရုပ်ထွက်ပိုင်းကလည်း အရောင်စိုစို စုံစုံလင်လင် ကာတွန်းရုပ်ထွက်လေးနဲ့ ဖြစ်တာကြောင့် ကစားရတာပျော်စေမဲ့ဂိမ်းလေးပါ

credit:Glitch Monster

ရန်သူတွေနဲ့ ရင်ဆိုင်ယုံသာမက Zombie တွေကြားထဲမှာ အသက်ရှင်အောင် ကြိုးစားရမဲ့ Survival mode ကလည်း တော်တော်လေးမိုက်ပါတယ် လက်ပစ်ဗုံးတွေနဲ့ပဲ ရင်ဆိုင်ရမှာပါ လက်ပစ်ဗုံးတွေ မိုတိုကော့ဗ်တွေ လျှပ်စစ်ဗုံးတွေစတဲ့ အမျိုးမျိုးသော ဗုံးတွေကို လေယာဥ်နဲ့ Drop လာချပေးမှာဖြစ်လို့ လိုက်လံကောက်ယူပြီး ရန်သူတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ် ဗုံးထိမိရင် လွင့်ထွက်သွားတာတွေ မြေပုံ Texture တွေကလည်း လှပတာကြောင့် Animation ကောင်းတဲ့ဂိမ်းလို့ ဆိုနိုင်ပါတယ် အသံ effect လေးကလည်း ကောင်းမွန်ပြီး အေးအေးဆေးဆေး အနားယူရင်း ကစားလို့ရတဲ့ ဂိမ်းကောင်းလေးတစ်ခုပါ 

credit:Apk Pure

ဒီလိုဂိမ်းတွေရဲ့ အားသာချက်က နိုင်အောင်အသည်းအသန်ကြီး ကြိုးစားအားထုတ်နေစရာမလိုပဲ ပေါ့ပေါ့ပါးပါးကစားနိုင်တဲ့ ဂိမ်းတွေဖြစ်ခြင်းပါ ဒါကြောင့် သေနတ်တွေနဲ့ပဲ ကစားရတာပျင်းနေရင်ဖြစ်စေ ကြိယ်လက်ပစ်ဗုံးဖြစ်တဲ့ စကေးတက်လာနိုင်အောင် လေ့ကျင့်ဖို့ဖြစ်စေ ဆော့ကြည့်သင့်တဲ့ ဂိမ်းဖြစ်ပါတယ် No Guns ကိုအောက်ပါ Link မှာ Download ရယူနိုင်ပါတယ်

သတင်းအရင်းမြစ်: No Guns Download ရယူရန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။