သရုပ်ဆောင် ဒေါင်းဝေဟာဆိုရင် ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ မကြာခဏပါလေ့ရှိတဲ့သူဖြစ်ပါတယ်။ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အတိုင်းအတာတစ်ခုထိရရှိထားတဲ့ ဒေါင်းဝေဟာ အခုအချိန်မှာ ရုပ်ရှင်ကားတွေ ရိုက်ကူးလို့မရတော့တာကြောင့် စီးပွားရေး အခြေအနေလည်း တော်တော်ခက်ခဲနေတယ်လို့သိရပါတယ်။

Daung Wai's Facebook

ကိုယ်တိုင်က စီးပွားရေး အခြေအနေ ခက်ခဲနေပမယ့်လည်း နယ်ဒေသက ချမ်းအေးလှတဲ့ ဆောင်းရာသီကို အံတုပြီး စစ်ဘေးရှောင်နေရတဲ့ တိုင်းရင်းသားတွေအတွက်ဝတ်စရာ အနွေးထည်လေးတွေ လှူဒါန်းပေးခဲ့ကြောင်း သရုပ်ဆောင်ဒေါင်းဝေမှ သူ့ရဲ့  လူမှုကွန်ရက်စာမျက်နှာမှာ အခုလိုလေး ဘောင်ချာလေးနှင့်တကွ တင်ထားပါတယ်။

Daung Wai's Facebook

“ သားလက်စွပ်ကလေးပေါင်ပီး

စောင်နဲ့ခလေးလူကြီးဝတ်အနွေးထည်တွေနိုင်သလောက်ဝယ်ပို့လှူလိုက်ပါတယ် အမိုး ?

နွေးထွေးကြပါစေနော် ဘေးရန်ကင်းကြပါစေ ??? "

Daung Wai's Facebook

အများကြီးမပြေလည်ပေမယ့်လည်း ရှိတဲ့ပစ္စည်းလေးကို ပေါင်ပြီး လှူဒါန်းပေးနိုင်တဲ့ သရုပ်ဆောင်ဒေါင်းဝေရဲ့ စိတ်ဓာတ်ကတော့ တော်တော်ကို လေးစားဖို့ကောင်းလှပါတယ်နော်။ သရုပ်ဆောင်ဒေါင်းဝေဟာ တကယ်လိုအပ်နေတဲ့သူတွေအတွက်လည်း အလျင်းသင့်သလို တတ်နိုင်သမျှလေး လှူဒါန်းပေးနေတဲ့သူဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။