သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းဟာ ခင်ပွန်းဖြစ်သူ ထွက်ခွာသွားချိန်မှစလို့ သားသမီးလေးတွေကို တစ်ယောက်တည်း ပြုစုစောင့်ရှောက်ပေးနေတဲ့သူဖြစ်ပါတယ်။ သူမဟာ ချစ်ဖို့ကောင်းတဲ့ သားသားမီးမီးလေးတွေနဲ့ ဘဝကို ကြံ့ကြံ့ခံ ကျော်ဖြတ်ရင်း ခင်ပွန်းဖြစ်သူအတွက်လည်း ကုသိုလ်ကောင်းမှုလေးတွေ ပြုလုပ်ပေးနေတဲ့သူဖြစ်ပါတယ်။ ဒီကနေမှာဆိုရင် နန်းမြတ်ရဲ့ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားခဲ့တာ ၄ လတောင် ပြည့်သွားခဲ့ပါပြီ။ ဒါကြောင့် နန်းမြတ်ဟာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ခင်ပွန်းသည်ရဲ့ ၄ လပြည့်အတွက်ရည်စူးပြီး ဆေးပဒေသာပင်၊ ဆွမ်းပဒေသာပင်၊ ငွေပဒေသာပင်၊ ကျောက်ကပ်ဆေးဖို့၊ မျက်စိခွဲဖို့ စတဲ့ အလှူလေးတွေ ပြုလုပ်ပေးခဲ့ပါတယ်။ အလှူလေးတွေကို သူမကို အားပေးတဲ့ ပရိသတ်တွေခွန်အားကြောင့် ပြုလုပ်နိုင်ခဲ့တဲ့အကြောင်းကိုလည်း နန်းမြတ်ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အခုလို ရေးတင်ထားပါတယ်။

Nan Myat Phyo Thin

“ကြာလည်းမမေ့

ရှာလည်းမတွေ့

ငါလည်းတနေ့”

ကြုံလာရတဲ့လောကဓံ

ကြံ့ကြံ့ခံရုံသာ

ဘဝမှာဘာကိုအတောင့်တဆုံးလဲဆိုနိဗ္ဗာန်ပါ

မွေးခြင်း သေခြင်း တွေ့ခြင်း ကွဲခြင်းတို့ချုပ်ငြိမ်းရာအမှန်ကိုပဲလိုချင်ပါတော့တယ်

ဘဝပေါင်းများစွာသံသရာမှာကွဲခြင်းပေါင်းများစွာကြုံလာခဲ့ရတယ်

ခုဘဝမှာလဲငယ်ငယ်ရွယ်ရွယ်နဲ့ကြုံတွေ့ခဲ့ရပါပီ

ကိုယ်လဲတနေ့သေရမှာမို့ လိုချင်လောဘတွေအတတ်နိုင်ဆုံးလျော့ချပီးသံသရာအတွက်ပဲကြိုးစားချင်မိတာတော့အမှန်ပါ

Nan Myat Phyo Thin

လောကီတာဝန်ဖြစ်တဲ့သားနဲ့သမီးအတွက်ကြိုးစားရုန်းကန်ပီးရင်တော့ ဘာကိုမှမတောင့်တတော့ပါဘူး

ခုတော့လဲတဏှာကမကုန်သေးတော့ကိုယ့်ရဲ့သားလေးသမီးလေးကိုကောင်းစေချင်တဲ့စိတ်နဲ့အစွမ်းကုန်ကြိုးစားရုန်းကန်ပါဦးမယ်

ဒီတလောအတွင်းအားပေးကြတဲ့ပရိသတ်တွေ၊ အလုပ်ပေးကြတဲ့လုပ်ငန်းရှင်တွေ၊ Mummy’s marketplace ကနေဈေးဝယ်ကြတဲ့သူတွေကြောင့် ပြိုလဲမပျက်စီးသွားရတဲ့အတွက် ထိုသူများကိုကျေးဇူးအများကြီးတင်ပါတယ်

ယောက်ျားကျေးဇူးနဲ့လစဉ်အလှူပြုဖြစ်နေတာပေါ့လေ

Nan Myat Phyo Thin

ဒီနေ့(၄)လပြည့်အတွက် ဆေးပဒေသာပင်၊ဆွမ်းပဒေသာပင်၊ငွေပဒေသာပင်၊ကျောက်ကပ်ဆေးဖို့၊မျက်စိခွဲဖို့ စတဲ့အလှူတွေပြုဖြစ်ပါတယ်

အလုပ်အပ်နှံကြတဲ့သူများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်

??????

Nan Myat Phyo Thin

ချစ်ဖို့ကောင်းလွန်းတဲ့ ဂျူးဂျူး နဲ့ဂျက်ဂျက်လေးတို့ရဲ့ မေမေ နန်းမြတ် ရေးထားတဲ့ စာလေးတွေက တော်တော်လေးကို အေးချမ်းလွန်းလှပါတယ်နော် ။

Nan Myat Phyo Thin

နန်းဖြတ်ဟာ ဘဝလောကဓံကို ရင်ဆိုင်ကျော်ဖြတ်ပြီး အပြုံးမပျက်ရပ်တည်နိုင်တဲ့ သတ္တိရှိတဲ့ အမျိုးသမီးတွေထဲမှာ လေးစားဖို့ကောင်းတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။