တောင်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်တဲ့ Gold Medalist ဟာဆိုရင် သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို EVR Studio နှင့်ပူးပေါင်းပြီး တောင်ကိုရီးယားမင်းသား ကင်ဆိုးဟွန်ကို 3D လူသားအဖြစ်ဖန်တီးပြီးကြော်ငြာဖို့အတွက် ကြေညာလိုက်ပါပြီ။

Google

ဒစ်ဂျစ်တယ်လူသားတွေဟာဆိုရင် 3D အနုပညာနှင့်ဖန်တီးပြုလုပ်ထားတဲ့သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ မျက်နှာပုံပန်းသွင်ပြင်နှင့် ပုံစံတွေဟာ တကယ့်လူသားအစစ်တွေလိုပါပဲ။ တောင်ကိုရီးယားမင်းသား ကင်ဆိုးဟွန်ကို ဒစ်ဂျစ်တယ်လူသားအနေနဲ့ဖန်တီးပြုလုပ်ခြင်းဟာ ဒစ်ဂျစ်တယ်မီဒီယာလောကရဲ့ ပထမဦးဆုံးခြေလှမ်းဖြစ်ပြီး နောက်ပိုင်းတွေမှာ ဖျော်ဖြေရေးတွေ ၊ ရုပ်ရှင်ဇာတ်လမ်းတွေနှင့် ကြော်ငြာတွေမှာ ထည့်သွင်းအသုံးပြုသွားဖို့ များပါတယ်။

Google

အခြား ဒစ်ဂျစ်တယ်လူသားတွေပုံစံနဲ့ကွဲထွက်သွားတာတစ်ခုရှိပါတယ်။ အဲဒါက ကင်ဆိုးဟွန်ရဲ့ ဒစ်ဂျစ်တယ်လူသားပုံစံက အခြား ဒစ်ဂျစ်တယ်လူသားတွေလို အသက်မကြီးလာတဲ့ တစ်သားမတ်ပုံစံမျိုးမဟုတ်ဘဲ အပြင်မှာရှိနေတဲ့ လူသားရဲ့ အသက်အရွယ်အတိုင်း ပြောင်းလဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အပြင်မှာရှိတဲ့လူသားရဲ့ အသားအရည် ၊ ကြွက်သားပုံစံ နှင့် အသံပုံစံတွေ အားလုံးအတိုင်း ဒစ်ဂျစ်တယ် 3D လူသားကလည်း ပြောင်းလဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Google

ဒစ်ဂျစ်တယ်လူသားဈေးကွက်က အလျင်အမြန်ပြောင်းလဲလာတာနှင့်အမျှ ဒစ်ဂျစ်တယ်လူသားပုံစံတွေကိုလည် အများကြီးဖန်တီးလာကြပါတယ်။ နောက်ပိုင်းကျရင် ဒစ်ဂျစ်တယ်လူသားတွေကလည်း ကမ္ဘာလောကကြီးကို မတူကွဲပြားတဲ့ ပုံစံတွေနဲ့ ဖန်တီးလာမယ်ဆိုတာ အသေအချာပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။