တောင်ကိုရီးယားမင်းသား Jung Hae In ဟာ လက်ရှိမှာပြသနေတဲ့ Snowdrop ဇာတ်လမ်းရဲ့ သမိုင်းကြောင်းလွဲမှားနေတဲ့ ဇာတ်လမ်းဇာတ်အိမ်ကြောင့် ဝေဖန်ခံနေရတဲ့သူဖြစ်ပါတယ်။ Jung Hae In ဟာ tvN ရဲ့ ဒရမ်မာဖြစ်တဲ့ “A Piece of Your Mind” မှာလည်း ညံ့ဖျင်းလွန်းလှတဲ့ rating ကြောင့် ဇာတ်လမ်းကို စောစော အဆုံးသတ်ခဲ့ရတာပါ။ “A Piece of Your Mind” ဇာတ်လမ်းဟာ ၂၀၂၀ ခုနှစ် ၊ မတ်လ ၂၃ ရက်နေ့ မှာစတင်ပြသခဲ့ပြီး ဧပြီလ ၂၈ ရက်နေ့မှာ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ စုစုပေါင်း ၁၂ ပိုင်းသာ ပြသသွားခဲ့ပါတယ်။

Google

'A Piece of Your Mind'  ဇာတ်လမ်းထဲမှာ Jung Hae In နှင့်အတူ မင်းသမီး Chae Soo-bin တို့ကပါဝင်သရုပ်ဆောင်ထားတာပါ။ လတ်ဆက်တဲ့ အချစ်အကြောင်းလေးဆိုပေမယ့် တကယ်တမ်းပြသတဲ့အချိန်မှာ Rating က မထင်မှတ်ထားလောက်အောင်နည်းတာကြောင့် မူလစီစဉ်ထားတဲ့အပိုင်းအရေအတွက်ထက် ၄ ပိုင်းလျော့ပြီးပြသခဲ့ရပါတယ်။ တောင်ကိုရီးယားမင်းသား Jung Hae In ဟာ ဇာတ်လမ်းရွေးချယ်မှုနဲ့ပတ်သတ်ပြီး အမြဲတမ်း ပြဿနာတတ်ရတာကြောင့် နောက်ပိုင်းတွေမှာ မှားယွင်းတဲ့ ဇာတ်လမ်းရွေးချယ်မှုကြောင့် သရုပ်ဆောင်လောကကနေ ပျောက်ကွယ်သွားမှာကို Netizen တွေက စိုးရိမ်နေကြပါတယ်။

အခု အကြောင်းအရာတွေနဲ့ပတ်သတ်ပြီး Netizen တွေက Jung Hae In ကို အခုလို မှတ်ချက်တွေပေးထားကြပါတယ်။

Google

 “Jung Hae In က သူ့ဘဝကိုသူဖျက်ဆီးနေတာပဲ။” “ နောက်ထပ်ဇာတ်ကားတွေရွေးချယ်ရင် သူပိုပြီးသတိထားရတော့မယ်” “ကံဆိုးလိုက်တာ” “ဇာတ်ညွှန်းစဖတ်ကတည်းက ဒရမ်မာကကောင်းမကောင်းဆိုတာမသိဘူးလား” “ဇာတ်ကားရွေးမှားတာ ၂ ကားလောက်ပဲရှိပါသေးတယ် သိပ်မဆိုးသေးပါဘူး” “သူကစောစောအဆုံးသတ်တဲ့ ဇာတ်လမ်းတွေရဲ့ သင်္ကေတတောင်ဖြစ်နေပြီ”

Google

မှတ်ချက်တွေကတော့ တော်တော်ဆိုးဆိုးတွေပဲနော်။ Jung Hae In တစ်ယောက်လည်း နောက်ပိုင်းတွေမှာ အကောင်းဆုံးဇာတ်လမ်းတွေကို ရွေးချယ်နိုင်ပြီး အနုပညာလောကကနေ ပျောက်ကွယ်မသွားဖို့ ဆုတောင်းပေးပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။