အားလုံးပဲအေးချမ်းလှတဲ့ဆောင်းရာသီ ခရစ်စမတ်ရာသီ ကိုရောက်ရှိလာပြီနော်.. ခရစ်စမတ်ရာသီမှာဆိုရင် သူငယ်ချင်းတွေကြားမှာ ၊ ချစ်ခင်ရသူ မိသားစုဝင်တွေကြားမှာ ၊ လုပ်ဖော်ကိုင်ဘက်တွေကြားမှာ အချင်းချင်း လက်ဆောင်လေးတွေ လဲလှယ်ပေးကြပါတယ်။ လက်ဆောင်လေးတွေ ပေးရတော့မယ်ဆိုရင် အရင်ဆုံး အခက်အခဲဖြစ်တာက ဘာရွေးရမှန်းမသိတာပါ။ ကိုယ်ရွေးပေးလိုက်တဲ့ပစ္စည်းက သူ့အတွက် အသုံးမဝင်မှာတို့ ၊ ရွေးချယ်စရာတွေများနေတာကြောင့် ဘာပေးလို့ပေးရမှန်းမသိတာတို့ .. စတဲ့အခက်အခဲလေးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီစာလေးကို ဖတ်ကြည့်ပေးပါနော်။လက်ဆောင်ရွေးချယ်ဖို့ အကြံသေးသေးပဲဖြစ်ဖြစ်သေချာပေါက်ရသွားမှာပါ။

လက်ဆောင်တွေရွေးချယ်တော့မယ်ဆိုရင် အရင်ဆုံး S  ၄ လုံးစည်းမျဉ်း (SSSS Rules) ကို အရင်တွေးရပါမယ်။ S ၄ လုံးစည်းမျဉ်းက ဘာလဲဆိုတာလေး အရင်ပြောပါမယ်နော်။

SSSS Rules

Something you want - သင်လိုချင်တဲ့ပစ္စည်း

ကိုယ်ကိုယ်တိုင် လိုချင်နေတဲ့ပစ္စည်းခပ်မိုက်မိုက်လေးကို အခြားသူကို လက်ဆောင်ပေးဖို့ ရွေးချယ် လိုက်ပြီဆိုကတည်းက အခြားသူလည်း ကြိုက်နှစ်သတ်မယ်ဆိုတာ သေချာပါတယ်။ ဒီနည်းလေးကတော့ လက်ဆောင်ပေးဖို့ တွေးရခက်နေရင် လုပ်သင့်တဲ့နည်းလေးပါ။ ကိုယ့်ရဲ့ တစ်ဖက်လူအပေါ်မှာထားတဲ့ စေတနာပေါ့နော်။ ဒီနည်းလေးက gender အတူတူလေးဆိုပိုကောင်းပါတယ်။

Google

Something you need - သင်လိုအပ်တဲ့ပစ္စည်း

အခြားသူတစ်ယောက်ကို လက်ဆောင်ပေးတော့မယ်ဆိုရင် အရင်ဆုံးတွေးရမှာက ငါသာ ဒီပစ္စည်းကိုရရင် သုံးဖြစ်မှာလားဆိုတာကိုပါ။ ကိုယ့်အတွက် အသုံးမလိုတဲ့ပစ္စည်းက အခြားသူအတွက်ဆိုရင်လည်း အသုံးဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လက်ဆောင်ရွေးပြီဆိုရင် သူ့ဖက်ကိုယ့်ဖက် နှစ်ဖက်တွေးပြီးရွေးချယ်ပေးရပါမယ်။

Google

Something to wear - ဝတ်ဆင်စရာတစ်ခုခု

ဝတ်ဆင်စရာဆိုတဲ့အရာက တစ်နေ့တာမှာ လူတိုင်းအသုံးပြုနေတဲ့အရာပါ။ ဝတ်ဆင်စရာတွေထဲမှာ အဝတ်အစားတွေလည်းပါသလို၊ လက်ပတ်နာရီ လက်ကောက်စတဲ့ accessories တွေလည်းပါပါတယ်။ နောက်ဆုံးလက်ဆောင်ရွေးဖို့ အရမ်းစဉ်းစားရခက်နေရင် ကိုယ်နေ့စဉ်နေ့တိုင်း ဝတ်လေ့ဝတ်ထရှိတဲ့အရာတွေကို ခေါင်းကနေခြေအဆုံး တွေးလိုက်ပါ။ အဲဒီထဲကမှ ကိုယ်ပေးရမယ့် တစ်ဖက်လူအတွက်အလိုအပ်ဆုံးဖြစ်မယ်ထင်တဲ့အရာလေးကို စဉ်းစားလိုက်ပါ။ ဒီနည်းလမ်းလေးကလည်း သင့်ကို လက်ဆောင်ရွေးဖို့အကောင်းဆုံးအကြံဉာဏ်လေးတွေ ပေးနိုင်မယ့်နည်းလေးဖြစ်ပါတယ်။

Google

Something to read - ဖတ်စရာတစ်ခုခု

စာအုပ်ဆိုတာကလည်း စာပေကြိုက်နှစ်သတ်သူတေအတွက် အရမ်းကို တန်ဖိုးထားရတဲ့ အရာပါ။ တန်ဖိုးအများကြီးမပေးရဘဲ အဆင့်မြင့်မြင့်လက်ဆောင်လေးကို ပေးချင်တဲ့သူတွေကတော့ စာအုပ်လေးတွေကို ရွေးချယ်လေ့ရှိကြပါတယ်။ဒါပေမယ့် တစ်ခုသတိထားရမှာရှိပါတယ်။ ကိုယ်ပေးမယ့်သူက စာဖတ်ရတာကြိုက်မကြိုက်ကိုသေချာပြန်လေ့လာကြည့်ပါနော်။ အကယ်၍ သူကစာအုပ်ဖတ်ရမှာ မကြိုက်ဘူးဆိုရင်တော့စာအုပ်အစား အခြားဟာလေးတွေ ရွေးချယ်လိုက်တာ ပိုပြီးကောင်းပါလိမ့်မယ်။

ဒီ S ၄ လုံး စည်းမျဉ်းလေးက လက်ဆောင်ပေးဖို့ရွေးချယ်တဲ့အခါမှာ ပထမဦးဆုံးတွေးကြည့်သင့်တဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်။ ဒီနည်းလမ်းလေးတွေအတိုင်းစဉ်းစားလိုက်ရင် တကယ်ကိုကောင်းမွန်တဲ့လက်ဆောင်ရွေးချယ်စရာ အကြံဉာဏ်လေးတွေရလာမှာပါ။ ကဲ့ .. အခုအကြောင်းအရာလေးကတော့ဒီလောက်ပါပဲနော်။ ပျော်ရွှင်စရာ ခရစ်စမတ်ကာလလေး ဖြစ်ပါစေလို့ စာဖတ်သူတွေကိုဆုတောင်းပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။