ကရင်ပြည်နယ် ၊ လေးကေကော်မြို့အတွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ လက်နက်ကြီးတွေ ကျရောက်လာမှုကြောင့် ဒေသတွင်းနေထိုင်ကြသော တိုင်းရင်းသားများစွာ စစ်ဘေးရှောင်နေကြရပါတယ်။ စစ်ဘေးရှောင်တိုင်းရင်းသားပြည်သူတွေထဲမှာ သက်ကြီးရွယ်အိုတွေပါကြသလို လူမှန်းသူမှန်းတောင် မသိကြသေးတဲ့ ကလေးငယ်အရွယ်လေးတွေလည်း ပါပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေဟာ ရုတ်တရက် ရှောင်ပြေးလာကြရတဲ့သူတွေဖြစ်တာကြောင့် တန်ဖိုးထားရာ ပစ္စည်းလေးတွေကိုသာ လက်လှမ်းမီသလောက်လေး သယ်လာကြရပါတယ်။

Photo - Crd
Photo - Crd

ဒီပုံထဲမှာ ရှိတဲ့ ကလေးလေး နှစ်ယောက်ကလည်း စစ်ဘေးရှောင်ဖို့အတွက် ထွက်လာကြတာဖြစ်ပါတယ်။ ကလေးလေးတွေထဲကတစ်ယောက်ဟာ နွမ်းပါးတဲ့ အဝတ်အစား အပြဲလေးတွေကို ဝတ်ဆင်ပြီး နောက်ကလေးလေးတစ်ယောက်ဆို ဖိနပ်လေးတွေတောင်မပါရှာပါဘူး။ အရွယ်နဲ့မလိုက်အောင် အန္တရာယ်ကိုရှောင်ရှားနေကြရပေမယ့် ကလေးလေးတွေ လက်ထဲမှာ ထူးခြားတဲ့ သက်ရှိလေးတစ်ခုရှိနေပါတယ်။ သက်ရှိလေးက အခြားမဟုတ်ပါဘူး။ ဝက်မဲမဲလေးပါ။

Photo - Crd
Photo - Crd

စစ်ဘေးရှောင်လေးတွေဟာ မိမိတို့အသက်အိုးအိမ်ကို လွတ်အောင်ပြေးလာရသလို ဝက်ကလေးကိုလည်း အန္တရာယ်တောထဲမှာ မထားခဲ့ချင်ဘူးထင်ပါတယ်။ ဝက်ကလေးကို တတ်နိုင်သမျှ ခွန်အားလေးနဲ့ မနိုင်တနိုင့်သယ်နေကြတဲ့ စစ်ဘေးရှောင်ကလေးလေးတွေရဲ့ ပုံရိပ်လေးတွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အရမ်းကို လူပြောများလျက်ရှိပါတယ်။

Photo - Crd (Original Artist - Nyan Htet Aung)

အလှူရှင်တွေ အများကြီးပေါ်လာပြီး စစ်ဘေးရှောင်နေရတဲ့ မြန်မာပြည်အနှံ့အပြားက ကလေးငယ်လေးတွေကို အများကြီးထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ရင်း ဒီသတင်းအကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။