ပိုလီယိုရောဂါသည် သမီးလေး အိတုံနှင့်မေမေတို့ဟာ ပဲခူးတိုင်းဖဒိုဘက်ကတောရွာလေးကနေ လမ်းသာတဲ့ ဒေးစွန်ပါနယ်မြေက ဆွေမျိုးသားချင်းတွေဆီမှာ မှီခိုနေထိုင်ပြီး သမီးလေး အိတုံကျန်းမာဖို့ လမ်းစကို အသည်းအသန်ရှာဖွေနေခဲ့ကြတာလို့ သိရပါတယ်။ ဒီလိုနဲ့လိုအပ်သူတွေကို လိုက်လံကူညီပေးနေတဲ့ လူရွှင်တော်မိုးစက်မှ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတစ်ဆင့် ပိုလီယိုရောဂါသည်သမီးလေး အိတုံအတွက် ရောဂါကုသပေးဖို့ အလှူခံပေးခဲ့ပါတယ်။ အလှူငွေအနေနဲ့ ငွေကျပ်တစ်သိန်းကျော်သာရရှိခဲ့လို့ ပိုလီယိုရောဂါကို ကုသပေးဖို့ အဆင်မပြေခဲ့ကြဘူးလို့ သိရပါတယ်။ သို့ပေမယ့် ကိုရီးယားက အလှူရှင်တစ်ယောက်မှ ငွေကျပ် ၅ သိန်းလှူဒါန်းပေးခဲ့တာကြောင့် အိမ်ပိုင်ရာပိုင်လေးနဲ့ နေထိုင်နိုင်ဖို့ မြေကွက်လေး ဝယ်ယူလှူဒါန်းနိုင်ခဲ့တယ်လို့ လူရွှင်တော်မိုးစက်မှ အခုလိုလေး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးတင်ထားပါတယ်။

Moe Sat

"ကျွန်မသမီးလေး ပိုလီယိုရောဂါကို ကုသဖို့

အဆင်မပြေခဲ့ပေမယ့်

ကျွန်မတို့နေဖို့ မြေကွက်လေး ဝယ်ပေးလို့

ကျေးဇူးတင်ပါတယ်ရှင်..."

"ရပါတယ်ဗျာ...ကျွန်တော်လဲ ကြိုးစားပေးပေမယ့်

အားလုံးခက်ခဲနေချိန်မို့ အလှူငွေလဲ

သိပ် မရခဲ့လို့ စိတ်မကောင်းဖြစ်နေတာပါ..."

ဒေးစွန်ပါနယ်မြေက

ပိုလီယိုသမီးလေးအိတုံအတွက်

အလှူခံပေးခဲ့တာ ၁သိန်းကျော်ဘဲ ရရှိခဲ့ပါတယ်။

ဆေးကုသဖို့ မေးမြန်းတဲ့အခါမှာလဲ

ကုန်ကျငွေ အမောက်ဟာ ခန့်မှန်းမရနိုင်တဲ့အတွက်

လက်လျော့လိုက်ရပါတယ်ဗျာ...။

Moe Sat

သူတို့မိသားစုလေးဟာ...

ပဲခူးတိုင်း ဖဒိုဘက်က တောရွာလေး ကနေ

သူတို့သမီးလေး ကျန်းမာဖို့အတွက်

လမ်းသာတဲ့ ဒေးစွန်ပါနယ်မြေက

ဆွေမျိုးသားချင်းနေအိမ်မှာ မှီခိုနေထိုင်ပြီး

သမီးလေး အိတုံ ကျန်းမာဖို့

လမ်းစ ကို အသည်းအသန်ရှာဖွေနေကြတာပေါ့။

ကံကောင်းခြင်းကတော့ ကိုရီးယားနိုင်ငံမှ

#ကိုဝင်းမျိုးကျော် မှ အလှူငွေ ၅သိန်းကျပ်

ထပ်မံ မ တည် ပေးခဲ့ပါတယ်။

အခုတော့ ဓမ္မ ပါလ ကျောင်းတိုက်မှ

ဆရာတော်ဦးကုသလ နဲ့ ကိုဗေဒါ

ကျွန်တော့် ဦးလေး ဦးကံပွင့်တို့က

မြေပိုင်လေးနဲ့ နေနိုင်အောင် ကြိုးစားပေးခဲ့ချိန်

မြေပိုင်ရှင်တစ်ဦးမှ ၅သိန်းကျပ်ထဲနဲ့

ရောင်းချပေးခဲ့လို့ ကျေးဇူးတင်ပါတယ်ဗျာ။

(12.12.2021) နေ့က စရံငွေ တစ်သိန်းကျပ်

လမ်းကြုံပေးခဲ့ပြီး ၊ ဒီနေ့ (18.12.2021)မှာ

ကျွန်တော်ကိုယ်တိုင် သွားရောက်ပြီး

ငွေသားအကြေ ပေးချေခဲ့ပါတယ်။

တောနေတောထိုင်လေး ဖြစ်သလိုနေနေရတာမို့

ကြမ်းခင်းဖို့နဲ့ စားဝတ်နေရေးအတွက်

၁သိန်းကျပ် ထပ်မံပေးခဲ့ပါတယ်။

အခုတော့ ပိုလီယိုသမီးလေးအိတုံ တို့မိသားစု

မြေပိုင်လေးနဲ့ အမိုးအကာလေးအောက်မှာ

သင့်တင့်စွာ ခိုနားနိုင်ခဲ့ပါပြီ။

မြေကွက်အမည်ပေါက်ကိုတော့

အလွှဲသုံးစားပြုမူခြင်းမရှိစေရန်

ကျွန်တော့်နာမည်နဲ့သာ ချုပ်ပေးခဲ့ပါတယ်။

(သို့သော် ရာသက်ပန် သူတို့မြေပိုင်လေးပါ။)

ကျွန်တော်နဲ့အတူ အခုအလှူလေးမှာ

ပါဝင်လှူဒါန်းကြသူများ

ကျေးဇူးပါ ခင်ဗျာ။???”

Moe Sat

အခုလိုလေး အိုးပိုင်အိမ်ပိုင်လေးနဲ့ နေလို့ရမယ့် မြေကွက်ကလေး လှူဒါန်းခဲ့တာ ဆိုတော့ သားအမိနှစ်ယောက်အတွက် လုံးဝကို ပီတိဖြစ်စရာလေးပါနော်။ သမီးလေးရဲ့ မိခင်အနေနဲ့လည်း သမီးဖြစ်သူပိုလီယိုရောဂါကို ကုသပေးဖို့ မတတ်နိုင်ခဲ့ပေမယ့် နေထိုင်စရာ မြေကွက်လေးတစ်ခုရှိသွားပြီဆိုတော့ အပူလေးတစ်ခု လျော့သွားမှာပါ။ နောက်ထပ်လည်း သမီးလေး ရောဂါကို ကုသပေးနိုင်မယ့် အလှူရှင်တွေ အများကြီးရှိလာဖို့ ဆုတောင်းပေးပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။