ပရဟိတမင်းသမီးခိုင်နှင်းဝေဟာဆိုရင် လိုအပ်နေတဲ့သူတွေအတွက် အလှူရှင်တွေကိုယ်စား လှူဒါန်းမှုလေးတွေ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ပေးနေတာပဲဖြစ်ပါတယ်။  ဒီတစ်ခေါက်မှာလည်း သူမဟာ သက်ကြီးပိုင်း ဘိုးဘွားတွေအတွက် လှူဒါန်းမှုလေးတွေ ပြုလုပ်ပေးခဲ့ပါတယ်။

Khine Hnin Wai's Facebook

ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာ ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က  ဘိုးဘွားအယောက် ၁၀၀ စာအတွက် ဆေးဘိုးအလှူငွေ ၁ သောင်းကျပ် စီနှင့် ကြက်ပေါင်း ၁ ကဒ်စီကို လှူဒါန်းပေးခဲ့ပါတယ်။ အခုလို လှူဒါန်းပေးခဲ့တဲ့အကြောင်းကို ပရဟိတမင်းသမီးခိုင်နှင်းဝေမှ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အခုလိုလေး ဝေမျှပေးလာပါတယ်။

Khine Hnin Wai's Facebook
Khine Hnin Wai's Facebook
Khine Hnin Wai's Facebook

“ဘိုးဘွား အယောက် (၁၀၀)စာအတွက် ဆေးဘိုး အလှုငွေ (၁)သောင်းကျပ် နှင့် ကြက်ပေါင်း (၁)ကဒ်စီ ကို ခုနှစ်ရက်သားသမီး အလှုရှင်များ နှင့် စုပေါင်း၍ လှူဒါန်းခဲ့ပါတယ်ရှင်..ပြု ပြု သမျှ ကုသိုလ်တို့ အတွက် ထပ်တူ ရရှိပါစေ..ကြည်လင်စွာနဲ့ သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်..???..”

Khine Hnin Wai's Facebook

အခုလို ကျပ်တည်းနေတဲ့ကာလမှာ ဘိုဘွားတွေအတွက်လည်း နေထိုင်စားသောက်ဖို့ရာ တော်တော်လေး ခက်ခဲနေကြတာဖြစ်ပါတယ်။ ဒီလိုမျိုး အလှူရှင်တွေဆီကနေ လှူဒါန်းမှုလေးတွေ ပေါ်လာတဲ့အတွက် အဘိုး အဘွားတွေလည်းတော်တော်လေး ဝမ်းသာနေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။