ဒီကနေ့မှာဆိုရင် တောင်ကိုရီးယားရဲ့ နာမည်ကြီးအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Shinee ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jonghyun ကွယ်လွန်သွားခဲ့တာ ၄ နှစ်ပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။အသံချိုချိုအေးအေးလေးနဲ့ ပရိသတ်တွေအားလုံးကို ရင်ခုန်စိတ်လှုပ်ရှားသွားအောင် ပြုလုပ်နိုင်တဲ့အထိ ဆွဲဆောင်မှုရှိတဲ့ Jonghyun ဟာ များပြားလွန်းလှတဲ့ စိတ်ဖိစီးမှုတွေ စိတ်ကျဝေဒနာတွေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တာဖြစ်ပါတယ်။

Google

Jonghyun ကွယ်လွန်သွားချိန်မှာ ပရိသတ်တွေရော Jonghyun ရဲ့ အပေါင်းအသင်းတွေအားလုံး မယုံနိုင်လောက်တဲ့အထိကို အံ့အားသင့်ခဲ့ရပါတယ်။ Jonghyun ဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ သူ့အသက် ၂၇ နှစ်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။ ကွယ်လွန်သွားတာ ၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပေမယ့် ပရိသတ်တွေ သူငယ်ချင်းတွေ နှင့် ချစ်ခင်ရသူတွေကတော့ Jonghyun ကို အမြဲအမှတ်ရနေခဲ့တာပါ။

Google

ဒီကနေ့မှာလည်း Jonghyun ရဲ့ သူငယ်ချင်း Choi Minho က သူ့ရဲ့ အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သူငယ်ချင်းဖြစ်သူကို အောက်မေ့သတိရနေတဲ့အကြောင်း ပုံလေးတွေနဲ့အတူ အခုလို စာလေးရေးပြီး တင်ပေးလာပါတယ်။

Instagram

“ဓာတ်ပုံအယ်လ်ဘမ်ထဲမှာ hyun ရဲ့ ပုံလေးတွေ အများကြီးရှိပေမယ့် ဒီပုံလေးတွေကတော့ ကျွန်တော် တို့အတူတူရိုက်ခဲ့ကြတာတဲ့ပုံလေးတွေထဲက နောက်ဆုံးပုံလေးတွေပါ။ ဒီနေ့က ကျွန်တော်အရမ်းလွမ်းရတဲ့ နေ့တစ်နေ့ ..။ ကျွန်တော်အမြဲအားပေးပြီးချစ်ခဲ့ရတဲ့ hyun .. ဒီနေ့တော့ ရာသီဥတုက မအေးတော့ဘူး။ ကျွန်တော့်ဘေးမှာ hyun ရှိနေသလိုမျိုး ခံစားရတယ်။ ”

Instagram

Minho တစ်ယောက် အရမ်းသတိရနေတဲ့အကြောင်းက သူရေးထားတဲ့ စာလေးထဲမှာ အတိုင်းသားတွေ့နေရတယ်နော်။ ထွက်သွားတဲ့သူကတော့ မသိနိုင်ရှာတော့ပေမယ့် သတိရနေတဲ့ သူတွေ အများကြီး ရှိနေပါသေးတယ်။ Jonghyun တစ်ယောက်လည်း အေးချမ်းတဲ့ ဘဝသစ်တစ်ခုဆီကို ရောက်ရှိနေလောက်ပါပြီ။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။