စွယ်စုံရ ဂီတစာဆိုပညာရှင်ကြီး ဘဘဘိုကလေးတင့်အောင်ဟာ မကွယ်လွန်ခင် ၄ ရက်အကြာ ဆေရုံတတ်နေတဲ့ ကာလမှာ တေးသီချင်းများကို သီဆိုနေခဲ့ပါတယ်။ ဘဘဘိုကလေးတင့်အောင်ဟာ ဂီတနယ်ပယ်မှာ အရမ်းကို နာမည်ကြီး လူသိများတဲ့ အနုပညာရှင်ကြီးတစ်ယောက်ဖြစ်ပြီး သူအရမ်း မြတ်နိုးရတဲ့ သီချင်းကို မကွယ်လွန်ခင်အချိန်လေးမှာ ရအောင် မှတ်မိနေခဲ့တာပါ။

Google

ဘဘ ဘိုကလေးတင့်အောင်ရဲ့ အနုပညာကို ချစ်တဲ့စိတ်တန်ဖိုးထားတဲ့စိတ်ကလေးနဲ့ ရအောင် သီဆိုသွားခဲ့တဲ့ သီချင်းဗီဒီယိုလေးကို အောက်မှာ ဝင်ရောက်ကြည့်ရှုသွားနိုင်ပါတယ်။

   ရီရီသန့် နှင်းရီသန့်မြန်မာမှု့တေးဂီတအဖွဲ့

ဗီဒီယိုလေးထဲမှာဆိုရင် ဘဘ က ရသမျှခွန်အားလေးနဲ့ သီချင်းလေးကို သီဆိုနေခဲ့တာ အတိုင်းသားမြင်တွေ့နေရပါတယ်။ ဘဘဘိုကလေးတင့်အောင်ဟာ ဒီဇင်ဘာလ ၁၆ ရက်နေ့ညက လူကြီးရောဂါဖြင့် SSC ဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

Google

ကွယ်လွန်သွားချိန်မှာတော့ ဘဘ ဘိုကလေး တင့်အောင်ရဲ့ အသက်ဟာ ၁၀၀ နှစ်ရှိပြီပဲဖြစ်ပါတယ်။  မြန်မာနိုင်ငံရဲ့ အထင်ကရ ဂီတစာဆိုပညာရှင်ကြီးတစ်ယောက်ကို အခုလို ဆုံးရှုံးသွားခဲ့ရတဲ့အတွက် များစွာ စိတ်မကောင်းဖြစ်မိပါတယ်။ ကောင်းရာသုဂတိသို့ရောက်ပါစေဘဘရေ ..

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။