ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဖက်မှာ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသောကြောင့် ရွှေ့ပြောင်းလာကြသည့် စစ်ဘေးရှောင် ပြည်သူများ အများအပြား ရှိနေပြီပဲဖြစ်ပါတယ်။ စစ်ဘေးရှောင် ပြည်သူများဟာ ရုတ်တရက်ရွှေ့ပြောင်းလာကြရတာဖြစ်တာကြောင့် လိုအပ်ချက်များ များစွာ ရှိနေခဲ့ကြပါတယ်။ စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်သည့် အကူအညီများကို မြို့ပြက ပြည်သူများကလည်း တတ်နိုင်သ၍ ကူညီထောက်ပံ့ လှူဒါန်းပေးနေကြပါတယ်။

Han Htoo Lwin

အဆိုတော်ဟန်ထူးလွင်ဟာဆိုရင် တိုက်ပွဲများဖြစ်ပွားနေသည့် နေရာမှ ရှောင်ပြေးနေရသည့် လေးကေကော်စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သည့် ပစ္စည်းများကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုတော်ဟန်ထူးလွင်ဟာ လေးကေကော်အတွက် လှူဒါန်းပေးထားတဲ့ အလှူပစ္စည်းတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပုံနှင့်တကွ တင်ပေးပြီးပြီး အခုလိုလေး ပြောပေးထားတာပဲဖြစ်ပါတယ်။

Han Htoo Lwin

“လေးကေ့ကော် စစ်ဘေးရှောင်များအတွက် ဒီနေ့ ပို့ပေးဖြစ်။

Stay safe and stay strong.

Much love ❤️”

Han Htoo Lwin

ပစ္စည်းလေးတွေမှာ စေတနာလေးတွေပါ ပါတယ်ဆိုတာ အတိုင်းသားတွေ့နေရတယ်နော်။ တကယ်လိုအပ်နေတဲ့သူတွေအတွက် အရမ်းကို အသုံးဝင်မယ့် ပစ္စည်းလေးတွေဖြစ်တာကြောင့် တကယ်ကို ပီတိဖြစ်စရာလေးပါ။ ဆရာကျားရဲ့ စိတ်ဓာတ်ကိုလည်း တကယ့်ကို လေးစား အားကျမိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။