လူတိုင်းမှာ လက်ရှိအချိန်မတိုင်ခင် အရင်က ပုံလေးတွေပြန်ကြည့်ရင်း ကြည်နူးရတဲ့ အခိုက်အတန့်ရှိကြပါတယ်။

ကိုယ့်ရဲ့ ငယ်ဘဝ နဲ့ လက်ရှိဘဝ ဖက်ရှင်တွေ အခြေအနေတွေ ဘယ်လောက်ပြောင်းလဲလာလည်းဆိုတာ အနုပညာရှင်အသိုင်းဝိုင်းနဲ့ နာမည်ကြီးဆယ်လီတွေမှာ လည်း ရှိခဲ့ကြပါတယ်။

သူမကတော့ Beauty By Naychi လို့ လူသိများတဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေး Beauty Blogger နေခြည်ဦးပါပဲ။

ချီချီလို့ နာမည်ပြောင်လေးရထားတဲ့ နေခြည်ဦး ဟာ မိန်းကလေးတွေအတွက် အလှအပဆိုင်ရာပြင်ဆင်ခြယ်သမှုတွေနဲ့အတူ ဗဟုသုတဖြစ်စရာလေးတွေ အမြဲတမ်းမျှဝေပေးတတ်လို့ သူမ ဟာ Follower များတဲ့ ဖေ့ဘုတ်ဆယ်လီတစ်ဦးလို့ ပြောလို့ရ့ပါတယ်။

အထူးသဖြင့် မိန်းကလေးပရိသတ်တွေရဲ့ သဲသဲလှုပ်ဝန်းရံခံရသူလေး ချီချီ တစ်ယောက် အခုမှ ပိုပြီးချစ်စရာကောင်းလာတာမဟုတ်ဘူးဆိုတာ သူမရဲ့ ငယ်ဘဝ ပုံရိပ်လေးတွေကို ကြည့်လိုက်ရင်သိနိုင်ပါတယ်။

နာမည်ကြီးမင်းသား အောင်ရဲလင်းရဲ့ချစ်သူလည်း ဖြစ်တဲ့ ချီချီ ဟာ social influencer တစ်ယောက်အဖြစ်လူသိများသလို ဘယ်လိုဖက်ရှင်စတိုင်နဲ့မဆိုလိုက်ဖက်နေပြီး ပျော်ပျော်နေတတ်တဲ့မိန်းကလေးတစ်ဦးဖြစ်ပါတယ်။

ချီချီ ရဲ့ အရင်က ပုံလေးတွေကို ချစ်ရဲ့လား ပရိသတ်ကြီးရေ။  

သတင်းအရင်းမြစ် we.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။