တောင်ကိုရီးယားမင်းသား Ji Chang Wook ဟာရုပ်ရည် ချောမောလွန်းလှပြီး သရုပ်ဆောင်လည်း အရမ်းကို ပီပြင်ပိုင်နိုင်လွန်းလှတဲ့သူ ဖြစ်ပါတယ်။ တောင်ကိုရီးယား အနုပညာရှင်လောကထဲမှာဆိုရင် Ji Chang Wook ဟာလည်း တန်ဖိုးမြင့် မင်းသားတစ်လတ်လို့ ဆိုရမှာပါ။ မသိတဲ့သူမရှိလောက်အောင် အောင်မြင်မှုတွေရရှိနေတဲ့မင်းသား Ji Chang Wook ဟာ ပြည့်စုံချမ်းသာတဲ့ မိသားစုကနေ ဆင်းသတ်လာတဲ့ သူတစ်ယောက်မဟုတ်ပါဘူး ။ ခက်ခဲတဲ့ဘဝကနေ ဘာအထောက်အပံ့မှမရှိဘဲ ကြိုးစားလာခဲ့တဲ့ Ji Chang Wook ဟာ အခုဆိုရင် အရမ်းကိုအောင်မြင်နေပါပြီ။

Google

Ji Chang Wook ဟာ ငွေကြေးအဆင်မပြေခဲ့လွန်းလို့ ၂၀၀၆ ခုနှစ်လောက်ကတည်းကစပြီး ဂီတပြဇာတ်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရတဲ့သူဖြစ်ပါတယ်။ နုဖတ်နေတဲ့ မျက်နှာလေးနှင့်မလိုက်ဖက်အောင် အရမ်းကို ခက်ခဲဆင်းရဲခဲ့တဲ့ Ji Chang Wook ရဲ့ ဘဝအကြောင်းနှင့် ပတ်သတ်ပြီးတော့လည်း ပရိသတ်တွေအရမ်းကို အံ့အားသင့်ခဲ့ကြပါတယ်။

Google

Ji Chang Wook ဟာ သူ့ရဲ့ဘဝအကြောင်းတွေကို အင်တာဗျူးတွေကနေတစ်ဆင့် ဘာမှ ဖုံးကွယ်ထားခြင်းမရှိဘဲ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။Ji Chang Wook ရဲ့ ဘဝ ဘယ်လောက်ထိ ဆင်းရဲခဲ့သလဲဆိုရင် ထမင်းကို ဆားနဲ့စားခဲ့ရတဲ့အချိန်တွေအထိ ရှိခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ မိခင်ဖြစ်သူဟာလည်း အလုပ်အရမ်းကြိုးစားတဲ့သူဖြစ်ပြီး ဖျားနာပြီးနေမကောင်းဖြစ်နေတဲ့အချိန်မှာတောင် အကြွေးတွေကြောင့် စားသောက်ဆိုင်ကို ရအောင်သွားခဲ့တာလို့ Ji Chang Wook ကဆိုပါတယ်။ အဲဒီခက်ခဲပင်ပန်းလွန်းတဲ့ ကာလတွေမှာ သူကိုယ်တိုင်လည်း မိသားစုအတွက် ဘာမှ မထောက်ပံ့ပေးနိုင်ခဲ့ဘူးလို့ ပြောပြခဲ့ပါတယ်။ သူအောင်မြင်မှုတွေ စတင်ရခဲ့ချိန်မှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့တယ်လို့ သိရပါတယ်။

Google

အောင်မြင်သွားတဲ့အချိန်မှာ Ji Chang Wook ဟာ မိခင်ဖြစ်သူ စိတ်အကျေနပ်ဆုံးအကြိုက်ဆုံးဖြစ်စေမယ့် လက်ဆောင်ကို ပေးခဲ့တယ်လို့ ပြောပါတယ်။  မိခင်ဖြစ်သူအကြိုက်ဆုံးက ငွေသားဖြစ်တဲ့အကြောင်းကိုလည်း Ji Chang Wook တစ်ယောက် အရွှန်းဖောက်ပြီးပြောခဲ့ပါသေးတယ်။ Ji Chang Wook အောင်မြင်ပြီးနောက်ပိုင်းတွေမှာ သူ့ရဲ့ မိသားစုမှာ တင်နေတဲ့အကြွေးတွေအားလုံးကို တစ်ပြားမကျန်ဆပ်လိုက်နိုင်ခဲ့ပြီး အခက်အခဲဆုံး အချိန်တွေကို ကျော်လွှားနိုင်ခဲ့တယ်လို့ သိရပါတယ်။

Google

မှောင်မိုက်တဲ့အချိန်တွေကို ကျော်လွှားပြီးရောင်နီသာတဲ့ အချိန်တွေ ရောက်ရှိလာသလိုဘဲ Ji Chang Wook တစ်ယောက် သူ့ဘဝရဲ့ ခက်ခဲလွန်းလှတဲ့ အချိန်တွေကို ကျော်လွှားနိုင်ခဲ့ပါပြီ။ Ji Chang Wook ရဲ့ ဘဝအကြောင်းလေးက အရမ်းကို စိတ်ဝင်စားပြီး ရုပ်ရှင်ဇာတ်လမ်းလေး တစ်ပုဒ်လိုပဲနော်။ တကယ်ကို မထင်ရဘူး။ အောင်မြင်မှုတွေအတွက် ထပ်တူ ဂုဏ်ယူပါတယ် Ji Chang Wook ရေ ..ရှေ့ဆက်ပြီးလည်း အမြဲတမ်းတောက်ပနေတဲ့ ကြယ်ပွင့်လေးတစ်ပွင့်ဖြစ်နေပေးပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။