ငယ်ငယ်တုန်းက ကျောင်းကပြန်ရောက်တာနဲ့ လွယ်အိတ်ပစ်ချပြီး ထမင်းမေ့ဟင်းမေ့ဆော့ခဲ့ရတဲ့ COC ဂိမ်းကို အားလုံးသိရနေကြဦးမှာပါ မြန်မာနိုင်ငံမှာဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူငယ်တွေအားလုံး စွဲစွဲလမ်းလမ်းဆော့ခဲ့ကြတဲ့ဂိမ်းပါ ဒါပေမဲ့ COC ထဲက ဇာတ်ကောင်တွေနဲ့ပဲ Supercell ကထုတ်လုပ်ပေးထားတဲ့ Role Playing ပုံစံ ဂိမ်းတစ်ခုကိုတော့ မြန်မာနိုင်ငံမှာ လူသိသိပ်မများပါဘူး Card Game လိုပြောမယ်ဆိုလည်း‌ ပြောလိုရပါတယ် အဲ့ဂိမ်းကတော့ Clash Royal ဆိုတဲ့ဂိမ်းပါ

Credit:Supercell

မတ်လ ၂၆ ရက် ၂၀၁၆ ခုနှစ်က စတင်ထွက်ရှိခဲ့တဲ့ ဒီဂိမ်းမှာ COC ထဲက အကောင်လေးတွေအတိုင်း Card လးတွေ ပါဝင်ပါတယ် ဂိမ်းကတော့ရိုးရှင်းပြီး MOBA စတိုင်လိုတောင် ပြောလိုရပါတယ် ဟိုဖက်ဒီဖက် မျက်နှာချင်းဆိုင် မျှော်စင်သုံးခုရှိပြီး ကိုယ်ရွေးချယ်ထားတဲ့ ကဒ်တွေအလိုက် ကာရိုက်တာတွေကို ‌‌ကိုယ့်ဖက်ခြမ်းမြေပုံပေါ်မှာချပေးပြီး ရန်သူရဲ့မျှော်စင် ၃ ခုလုံးပျက်စီးအောင် ကြိုးစားရမှာပါ

Photo Credit

ကာရိုက်တာတစ်ခုချင်းစီဟာ COC ထဲကလိုပဲ တစ်ယောကနဲ့တစ်ယောက် အားသာချက် အားနည်းချက်တွေ မတူပါဘူး အဲ့အပြင် ပုံမှန်ဇာတ်ကောင်တွေကို Upgrade မြှင့်ထားတာတွေကိုလည်း တွေ့ရမှာပါ Update တစ်ခုတိုင်းမှာလည်း ပိုမိုကောင်းမွန်တဲ့ ကာရိုက်တာတွေ ability တွေ Spell တွေကို အသုံးပြုနိုင်မှာပါ လက်ရှိမှာ ကဒ်ပေါင်း ၁၀၃ ကဒ်ရှိပြီး Common Rare Epic နဲ့ Legendary ဆိုပြီး အဆင့်ဆင့်ခွဲခြားထားပါတယ် ကိုယ်အနိုင်ရတဲ့ Battle တွေပေါ်မူတည်ပြီး အဆင့်တွေတက် ကဒ်တွေလိုက်စုရင်း ရှိပြီးသားကဒ်တွေကိုလည်း တိုက်ပွဲမှာရတဲ့ ‌Gold တွေအသုံးပြုပြီး အဆင့်မြှင့်နိုင်ပါတယ်

Photo Credit

အဲ့လိုအဆင့်မြှင့်ခွင့်ရဖိုကိုလည်း တိုက်ပွဲတွေတိုက်ပြီး လိုက်စုဆောင်းရမှာပါ ကိုယ့်ရဲ့ Level မြင့်လေလေ ကိုယ့်ကဒ်တွေကိုပါ Level မြှင့်နိုင်လေလေဖြစ်ပြီး အလန်းစား Battle ကြီးတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ် COC ထဲမှာလို Clan တစ်ခုကိုလည်း Join နိုင်ပြီး Clan ချင်းတိုက်တဲ့ War တွေလည်း တိုက်နိုင်ပါတယ် Challenge တွေဆက်တိုက်လုပ်ပြီး ကဒ်တွေ Gold တွေလည်းရရှိနိုင်ပါတယ် တစ်ယောက်ချင်းရင်ဆိုင်တဲ့ Battle ဖြစ်စေ တစ်ဖက်နှစ်ယောက် ရင်ဆိုင်တဲ့ Battle ဖြစ်စေ ဆော့ကစားလိုရတာကြောင့် သူငယ်ချင်းတွေနဲ့ပါ ပျော်ပျော်ကြီး ကဒ်တွေစုရင်း ကစားလိုရမဲ့ ဂိမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်

Photo Credit

COC မှာရင်းနှီးပြီးသား ကာရိုက်တာတွေနဲ့ Ability တွေကိုပဲ ပြန်အသုံးပြုရမှာဖြစ်တာကြောင့် Gameplay ပိုင်းမှာလည်း သိပ်အားစိုက်စရာလိုမယ်မထင်ပါဘူး ပွဲတစ်ပွဲကိုလည်း ၃ မိနစ်လောက်သာ မချိန်ကြာတဲ့အတွက် အပျင်းပြေသွာူရင်းလာရင်းလည်း ပေါ့ပေါ့ပါးပါး ကစားလိုရမှာပါ Card ဂိမ်းကြိုက်သူတွေသာမက MOBA ကြိုက်သူတွေအတွက်ပါ အပြောင်းအလဲဖြစ်စေမဲ့ ဂိမ်းမလို COC ကို စွဲစွဲလန်းလန်းကစားဖူးသူတွေ စမ်းဆော့ကြည့်သင့်တဲ့ ဂိမ်းလေးဖြစ်ပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။