ဆောင်းရာသီရောက်ရှိလာပြီဆိုတော့ ရာသီဥတုလည်းတော်တော်လေးကို အေးလာပါပြီ။ ရာသီဥတုအေးလာတာနှင့်အမျှ ရာသီအကူးအပြောင်းကာလမှာ ဖြစ်တတ်တဲ့ တုတ်ကွေးရောဂါတွေလည်း ဖြစ်လာကြပါတယ်။ မြို့ပြမှာနေတဲ့သူတွေအဖို့နွေးနွေးထွေးထွေးနေလို့ရပေမယ့် တောထဲတောင်ထဲရောက်နေတဲ့ သူတွေကတော့ အေးစိမ့်တဲ့ဒဏ်ကို အံတုရင်းနေထိုင်ကြရပါတယ်။ ဒါရိုက်တာကိုပေါက်ဟာဆိုရင်လည်း မြန်မာပြည်အစွန်အဖျား တောထဲတောင်ထဲကိုရောက်ရှိနေတာကြောင့် အေးစိမ့်မှုဒဏ်ကို အံတုရင်း နေမကောင်းဖြစ်နေတယ်လို့ သိရပါတယ်။ ဒါရိုက်တာ ကိုပေါက်ကတော့ အခုသူဖျားနေတဲ့အဖျားကို တုတ်ကွေးပဲဖြစ်ပြီး ငှက်ဖျားမဖြစ်ဖို့အတွက် ဆုတောင်းနေပါတယ်။

Aung Min Naing

“တုပ်ကွေးလောက်ပဲ လာပါ။

ငှက်ဖျားတော့ မလုပ်ပါနဲ့။

ပုံ

မနေ့ကဖြစ်သည်။”

Aung Min Naing

ဒါရိုက်တာကိုပေါက်ဟာ သူချစ်ရတဲ့ မိသားစု ခွဲခွာ ၊ အနုပညာလုပ်ငန်းတွေအားလုံကို စွန့်လွှတ်ပြီး ပြည်သူတွေနှင့်အတူ ရပ်တည်ကာ လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျရာတာဝန်ကို ထမ်းဆောင်နေတဲ့သူဖြစ်ပါတယ်။

Aung Min Naing

ပရိသတ်တွေအားလုံးလည်း တောထဲတောင်ထဲရောက်နေတဲ့ ဒါရိုက်တာကိုပေါက် အမြန်ဆုံးနေကောင်း ကျန်းမာလာစေဖို့ဝိုင်းပြီးဆုတောင်းပေးနေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။