ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ Chansung ဟာ နာမည်ကြီးမဟုတ်တဲ့ ချစ်ရသူမှာကိုယ်ဝန်ရှိနေပြီး လက်ထပ်တော့မယ့်အကြောင်း ကြေညာပေးခဲ့တာဖြစ်ပါတယ်။တစ်ခါတည်းမှာပဲ Chansung က သူနှစ်ပေါင်းများစွာလက်တွဲလုပ်ခဲ့တဲ့ JYP Entertainment နဲ့လည်း လက်တွဲဖြုတ်တော့မယ်လို့ ကြေညာပေးခဲ့ပါတယ်။  ဒီသတင်းနဲ့ပတ်သတ်ပြီး 2PM အဖွဲ့ဝင် Taecyeon ဟာ သူ့သူငယ်ချင်းဖြစ်သူ Chansung အတွက် နွေးထွေးတဲ့စကားလေးပြောပေးခဲ့ပါတယ်။

Google

Chansung ဟာဒီသတင်းကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ကြေညာပြီးပြီးချင်းမှာပဲ သူငယ်ချင်းဖြစ်သူ Taecyeon မှ အခုလိုလေး Comment ဝင်ရေးပေးခဲ့တာဖြစ်ပါတယ်။

Google

“ငါတို့ရဲ့ အငယ်ဆုံးလေး Chansung ရေ .. မင်းဘယ်လမ်းကိုပဲ ရွေးချယ် ရွေးချယ် ကိစ္စမရှိပါဘူး။ ငါမင်းကို အမြဲထောက်ပံ့ပေးနေပြီး အမြဲတမ်း မင်းဘက်မှာ ရှိနေမှာပါ။ ဂုဏ်ယူပါတယ် ပျော်ရွှင်ပါစေ အငယ်ဆုံးလေးရေ .. ချစ်တယ် ။”

Google

ကိုယ့်သူငယ်ချင်းက ဘယ်လမ်းကိုပဲရွေးရွေး အမြဲထောက်ပံ့ပေးနေမယ့် 2 PM အဖွဲ့ဝင် Taecyeon ရဲ့ စကားလေးကတော့ ဘေးနားက ကြည့်နေတဲ့သူတွေကတောင် လုံးဝကို အားအင်ဖြစ်စေပါတယ်နော်။ ချစ်ဖို့ကောင်းလိုက်တာ ကောင်လေးရေ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။