ယူကေတစ်ဝိုက်ရှိ ကျောက်တုံးများတွင် ကွိုင်ပုံသဏ္ဍာန်ရှိ အခွံများနဲ့ တွေ့တက်လေ့ရှိတဲ့ အမ္မနိုက်များခရုများဟာ Turbo ရုပ်ရှင်ကားကလို အရှိန်အဟုန်မြန်စွာ သွားလာနိုင်ပါတယ်။ ခရုဆိုပေမယ့်လို့ လျင်လျင်မြန်မြန် သွားနိုင်တာ ဖြစ်ပါတယ်။ သမုဒ္ဒရာအတွင်း နေထိုင်တဲ့ ခရုများတွင် ရေကိုခံနိုင်ရှိတဲ့ ကြွက်သားများရှိပါတယ်။ အဓိပ္ပါယ်မှာ သူတို့ဟာ တုံးပြီး ပျင်းရိတဲ့အကောင်တွေမဟုတ်ပဲ ငါးသေးလေးတွေရဲ့ အမ‌ဲလိုက်ချင်းခံရတဲ့ ခရုတွေဖြစ်ပါတယ်။

ကျွမ်းကျင်သူများဟာ Gloucestershire ရှိ 165 သန်းသက်တမ်းရှိပြီးဖြစ်တဲ့ အမိုနိုက်ကျောက်ဖြစ်ရုပ်ကြွင်းကို စကန်ဖတ်ပြီး ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ အနံ ၂.၅လက်မရှိသော အမိုနိုက်ဟာ အခွံကိုပိတ်ပြီး သေဆုံးသွားပြီးနောက် အခွံအထဲမှာပဲ အလွန်လျင်မြန်စွာ ပျောက်ဆုံးသွားတက်ပါတယ်။ ဒီအချက်ကြောင့် အောက်ဆီဂျင်နှင့် ဘက်တီးရီးယားများကုိ ပျော့ပျောင်းတဲ့ တစ်သျှူးများအတွင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးပေးပါတယ်။

နှစ်သန်းပေါင်း 150 နီးပါးရှိပြီးနောက် လွန်ခဲ့သောနှစ်ပေါင်း 66 သန်းခန့်က ဒိုင်နိုဆောများနှင့်အတူ မျိုးသုဉ်းသွားခဲ့တဲ့ ဒီခရုများဟာ Tentacles များကို အသုံးပြုပြီး တိမ်းရှောင်ခဲ့ကြတယ်လို့ ယခင်က ယုံကြည်ခဲ့ကြပါတယ်။ ဒီ NHM လေ့လာမှုတွင် ခရုတွေဟာ ဦးနှောက်ရှိ ရေဘဝဲများနှင့် ပိုမိုတူညီကြောင်း အကြံပြုထားပါတယ်။ 2013 ခုနှစ်တုန်းက ကာတွန်းရုပ်ရှင် Turbo တွင် Ryan Reynolds က အသံသရုပ်ဆောင်အဖြစ် ပါ၀င်ထားတဲ့ ကမ္ဘာ့အမြန်ဆုံးခရုဖြစ်လာရန် အိပ်မက်မက်ခဲ့တဲ့ ခရုလိုပါပဲ ဒီခရုမျိုးတွေဟာလည်း အင်မတန်မှလျင်မြန်စွာ သွားလာနိုင်ကြပါတယ်။

သတင်းအရင်းမြစ်: The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။