ပရဟိဟ မင်းသမီးခိုင်နှင်းဝေဟာဆိုရင် နေရာဒေသ အသီးသီးက ကလေးငယ်လေးတွေကို ရင်သွေးလေးများဂေဟာလေးဖွင့်ပေးပြီး ပြုစုစောင့်ရှောက်ပေးနေတဲ့သူဖြစ်ပါတယ်။ ခိုင်နှင်းဝေက သမီးလေး ရွှန်းဝတီခိုင်ကိုလည်း သူမရဲ့ သမီးလေးအဖြစ် မွေးစားထားတာဖြစ်ပါတယ်။

Khine Hnin Wai 's Facebook

ရွှန်းဝတီခိုင်လေးဟာ အရမ်းကိုချစ်ဖို့ကောင်းပြီး အခုဆိုရင် အရွယ်လေးလည်း တော်တော်ရောက်လာပါပြီ။ ဒီကနေ့မှာဆိုရင်တော့ ခိုင်နှင်းဝေက သူမရဲ့ သမီးလေး ရွှန်းဝတီခိုင်နဲ့အတူ လျှောက်လည်နေတဲ့ပုံလေးတွေကို အခုလိုလေးရေးပြီးတင်ပေးလာပါတယ်။

Khine Hnin Wai 's Facebook

“ဘယ်သွားသွား အဖော်ရနေပါပြီရှင်...ကလေးတွေ အားလုံးကို အကောင်းမြင်စိတ်၊ ကူညီ ဖေးမ စိတ်၊ ကုသိုလ်ယူတတ်တဲ့ စိတ်လေးတွေ နဲ့ သာ ဖြတ်သန်းဘို့ အဓိက သင်ပေးဖြစ်ပါတယ်..နာမည်ကြီးဘို့ ငွေကြေး ချမ်းသာဘို့ထက် ပို လိုအပ်တာ အေးချမ်းမှုပါ..မသေခင် ကိုယ့်နောက်ပါတဲ့ အရာလေးတွေကို အေးချမ်းစွာ လုပ်ဆောင်ရင်း မကောင်းမြင်တတ်တဲ့ သူ မှန်သမျှ ကို ဥပေက္ခာ ပြု ထားပါတယ်ရှင်...❤️❤️"

Khine Hnin Wai 's Facebook
Khine Hnin Wai 's Facebook
Khine Hnin Wai 's Facebook

ခိုင်နှင်းဝေရဲ့ သမီးလေး ရွှန်းရတီခိုင်လေးကတော့ အသက် ၃ နှစ်ကျော်သွားပြီပဲဖြစ်ပါတယ်။ သမီးလေးက အရွယ်နဲ့မလိုက်အောင်ကို အားကိုးနေရပြီနော်။ မခိုင်နှင်းဝေဘယ်သွားသွား အဖော်လိုက်ပေးတတ်နေပြီ ချစ်ဖို့ကောင်းလိုက်တာ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။