သရုပ်ဆောင်အရမ်းတော်ပြီး အရမ်းကိုအောင်မြင်နေတဲ့အချိန်မှာ အရာအားလုံးကို စွန့်လွှတ်ပြီး ပြည်သူတွေနှင့်အတူ ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မြတ်နိုးအေးလည်း တစ်ဦးအပါအဝင်ပဲဖြစ်ပါတယ်။

Myat Noe Aye's Facebook

သရုပ်ဆောင်မြတ်နိုးအေးဟာ သူမရှောင်ပြေးနေရတဲ့ကာလတွေမှာ  လေးကေကော်နယ်မြေမှာ ခိုလှုံနေထိုင်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် လေးကေကော်နယ်မြေမှာ တိုက်ပွဲတွေ စတင်နေပြီပဲဖြစ်ပါတယ်။ ဒါကြောင့် မြတ်နိုးအေးဟာ သူမခိုလှုံခဲ့ရာနေရာလေးဖြစ်တဲ့  လေးကေကော်မှာရှိတဲ့ သူရဲကောင်းရဲဘော်တွေ ဘေးအန္တရာယ်ကင်းစေဖို့ အခုလိုလေး ဆုတောင်းပေးထားတာဖြစ်ပါတယ်။

Myat Noe Aye's Facebook

“ခိုလှုံခဲ့ဖူးတဲ့ နေရာလေးတစ်ခု?

တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းတွေ

ဘေးအန္တရာယ်ကင်း အနိုင်ရကြပါစေ

Sending my prayers”

Myat Noe Aye's Facebook

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေရှိ လေးကေကော်မြို့မှာ ဒီနေ့မနက် ၁၁ နာရီဝန်းကျင်ကစပြီး တိုက်ပွဲဖြစ်ပွားနေပြီလို့ သိရပါတယ်။ လေးကေကော်နယ်မြေအတွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေခဲ့ကြရာမှစလို့ တိုက်ပွဲစတင်ခဲ့တာလို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။