ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ ခံစားချက်အပြည့်နဲ့သရုပ်ဆောင်တတ်သလို သီချင်းဆိုရာမှာလည်း အရမ်းကိုတော်တဲ့ 2PM အဖွဲ့ဝင် Chansung ကို အားလုံးပဲသိကြမှာပါနော်။ Chansung ဟာဆိုရင် သူနဲ့လက်ထပ်ဖို့ရာထားတဲ့အမျိုးသမီးမှာ ကိုယ်ဝန်ရှိကြောင်း ကြေညာပေးလိုက်ပြီပဲဖြစ်ပါတယ်။ Chansung ဟာ ဇန်နဝါရီလမှာ JYP Entertainment က နေ ထွက်ခွာသွားတော့မယ်လို့လည်း သိရပါတယ်။ ဒီသတင်းကို Chansung က သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်ကနေ တစ်ဆင့် ပရိသတ်တွေကို အသိပေးခဲ့တာပဲဖြစ်ပါတယ်။

Google

Chansung ရေးတင်ထားတဲ့စာလေးကို အောက်မှာဘာသာပြန်ပေးထားပါတယ်။

HOTTEST လေးများ ဆီသို့

မင်္ဂလာပါ။ ကျွန်တော်က 2 PM ရဲ့ Chansung ဖြစ်ပါတယ်။

ဆောင်းရာသီကိုရောက်ရှိလာခဲ့ပြီနော်။ ကျွန်တော် အသက် ၁၇ နှစ်အရွယ်ကတည်းက အနုပညာလှုပ်ရှားမှုတွေ စတင်ဆောင်ရွက်ခဲ့တာပါ။ အနုပညာလောကထဲရောက်ခဲ့တဲ့ အချိန်က ၁၅ နှစ်တောင်ရှိသွားခဲ့ပြီ။ အဖြစ်အပျက်တွေ အများကြီးနဲ့လည်း ကြုံတွေခဲ့ရပြီးပြီ။ အမှတ်တရတွေလည်း အများကြီးရှိခဲ့ပြီးပြီ။ အဖိုးထိုက်တန်လှတဲ့ အမှတ်တရတွေပေးခဲ့တဲ့ HOTTEST လေးတွေကို ကျွန်တော် အတိုင်းအဆမဲ့ကျေးဇူးတင်ပါတယ်။ ဒီကနေ့မှာတော့ ကျွန်တော့်ဘဝရဲ့ အပြောင်းအလဲကြီး နှင့် ပျော်ရွှင်စရာကိစ္စတစ်ခုကို ပြောပြသွားမှာပါ။

Google

ကျွန်တော်နဲ့အချိန်အကြာကြီးတွဲနေခဲ့တဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ အဲဒီကောင်မလေးက ကျွန်တော်နဲ့ ဆိုးတူကောင်းဖက် သူငယ်ချင်းအဖြစ်အချိန်အကြာကြီးရှိနေပေးခဲ့ရာကနေ ကျွန်တော့် ကောင်မလေး ဖြစ်လာခဲ့တဲ့သူပါ။

ကျွန်တော်သူနဲ့လက်ထပ်ဖို့ စီစဉ်နေတဲ့အချိန်မှာ စစ်မှုထမ်းဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ယောက်ဆီကို ဘဝအသစ်လေးကလည်း မျှော်မှန်းထားတာထက်ကို ပိုပြီးစောစောလေး ရောက်လာခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နောက်နှစ်အစမှာ လက်ထပ်ကြတော့ဖို့ ပြင်ဆင်နေကြပါပြီ။ သူ့မှာ ကိုယ်ဝန်ရှိနေတာလည်း အခုမှ လ နုနုလေးပဲရှိပါသေးတယ်။ ဒါပေမယ့် အားလုံးကို အရင်ဆုံးအသိပေးရမယ်လို့တွေးမိခဲ့လို့ အခုလို ကြေညာပေးတာပါ။

Google

ကျွန်တော်နဲ့မိသားစုဘဝအသစ်လေးကို အတူဖန်တီးမယ့် ကျွန်တော့်ကောင်မလေးက ကျွန်တော်နဲ့အသက်မွေးကြောင်း မတူပါဘူး။ ဒါကြောင့် သူ့အကြောင်းကို ထုတ်ဖော်မပြောပြနိုင်တာကိုတော့ နားလည်ပေးကြပါနော်။

တစ်ဆက်တည်းမှာမှာပဲ ကျွန်တော်နှင့် JYP Entertainment တို့ကြားချုပ်ဆိုထားတဲ့ စာချုပ်ကလည်း လာမယ့် ဇန်နဝါရီလဆို အဆုံးသတ်တော့မှာပါ။ ကျွန်တော် ကုမ္ပဏီဘက်နဲ့လည်း အများကြီးဆွေးနွေးခဲ့ပြီးပါပြီ။ ကျွန်တော် ဘဝအသစ်ကို မိသာစုးအသစ်နဲ့လျှောက်လှမ်းချင်တာကြောင့်  စာချုပ်အသစ် ထပ်ပြီးမချုပ်တော့ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ကုမ္ပဏီက ကျွန်တော့်ဘဝအတွက် စတင်ရာ အမြစ်တစ်ခုဆိုလည်း ဟုတ်တယ်။ သူငယ်ချင်းအဟောင်းကြီးဆိုလည်း ဟုတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် ကူညီပေးနေကြဦးမှာပါပဲ။ ကျွန်တော်ဘာဆက်လုပ်မလဲဆိုတဲ့ တိကျတဲ့လမ်းကြောင်းကိုတော့ မဆုံးဖြတ်ရသေးပါဘူး။ တစ်ခုခုလုပ်မယ်ဆိုရင်လည်း ကျွန်တော့် ပရိသတ်တွေ စိတ်မပူရစေဖို့ အစီအစဉ်လေးတွေကို ဝေမျှပေးသွားမှာပါ။

Instagram

ရုတ်တရက်ကြီး ဒီလိုသတင်းမျိုးကြားခဲ့ရတဲ့အတွက် ကျွန်တော့်ရဲ့ HOTTEST လေးတွေ တစ်ခုခုခံစားသွားရမှာကို စိတ်ပူတဲ့အတွက် ဒီနေ့ရေးတဲ့ စာလေးနည်းနည်းရှည်သွားပါတယ်ခင်ဗျာ ။ 2PM အဖွဲ့ရဲ့ အငယ်ဆုံးလေး Chansung အဖြစ်ရော သရုပ်ဆောင် Hwang Chansung အဖြစ်အနေနဲ့ရော အနာဂတ်မှာ ပိုပြီး ကြိုးစားသွားပါ့မယ် ခင်ဗျာ။

ကျေးဇူးတင်ပါတယ်။

Google

2PM အဖွဲ့ဝင် Chansung တစ်ယောက်တော့ ဈေးဦးပေါက်သွားပြန်ပါပြီ။ ဒီနှစ်က တောင်ကိုရီးယား အနုပညာရှင်တွေ တော်တော်များမျာ လက်ထပ်ကုန်ကြတဲ့နှစ်ကြီးများလာနော်။ဘာပဲဖြစ်ဖြစ် ဂုဏ်ယူပါတယ်ကောင်လေးရေ။ ပျော်ရွှင်တဲ့ ဘဝသစ်လေးကို ပိုင်ဆိုင်နိုင်ပါစေ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။