သရုပ်ဆောင် မင်းသမီးကြီး အကယ်ဒမီမေဝင်းမောင်ဟာဆိုရင် အမေရိကနိုင်ငံကို ရောက်ရှိနေခဲ့တာ အခုဆိုရင် ၂၉ နှစ်လောက်တောင် ရှိနေပါပြီ။ မင်းသမီးကြီးမေဝင်းမောင်မှာ သားနှင့်သမီးလေး ၂ ယောက်ရှိပြီး သားနှင့်သမီးကိုလည်း အမြဲတမ်း မြန်မာမှုနှင့်မစိမ်းစေရန် လေ့ကျင့်ပေးနေတဲ့သူဖြစ်ပါတယ်။

May Wynn-Maung

အခုဆိုရင် မင်းသမီးကြီးမေဝင်းမောင်ရဲ့ သားနှင့်သမီးလေးက တော်တော်လေးကို အရွယ်ရောက်လာပြီး ချောမောလာကြပါပြီ။

May Wynn-Maung

ဒါကြောင့် မင်းသမီးကြီးမေဝင်းမောင်က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လွန်ခဲ့တဲ့ ၇ နှစ်က သမီး ငယ်လေးပုံနှင့် အခုအရွယ်ရောက်လာတဲ့ သမီးလေးရဲ့ ဓာတ်ပုံလေးကို နှိုင်းယှဉ်ပြထားတာပဲဖြစ်ပါတယ်။

May Wynn-Maung

မင်းသမီးကြီး မေဝင်းမောင်ရဲ့ သမီးလေးက အနုပညာဝါသနာပါတာကြောင့် ဟိုးငယ်ငယ်လေးကတည်းက သီချင်းတွေကို အမေဖြစ်သူနှင့်လိုက်ဆိုနေခဲ့တဲ့သူပါ။

May Wynn-Maung

အခုအရွယ်ရောက်လာတော့လည်း သူမဟာ သီချင်းတွေသီဆိုနေတုန်းပါပဲ။ ဒါပေမယ့် အသက်အရွယ်ကွာခြားချက်လေးကတော့ မတူတော့ပါဘူး။

May Wynn-Maung
May Wynn-Maung

သမီးလေးက ပိုလှပြီး ပိုချောလာပါတယ်။ သားသမီးတွေက အရွယ်တွေ ပြောင်းလဲလာပေမယ့် မင်းသမီးကြီးမေဝင်းမောင်ကတော့ လုံးဝမပြောင်းလဲသေးဘူးနော်။ လွန်ခဲ့တဲ့ ၇ နှစ်တုန်းကထက်တောင် ပိုပြီးနုလာသေးတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။