လက်တလောမှာ ဒါရိုက်တာ ပြည်ဟိန်းသီဟရိုက်ကူးးထားတဲ့ "ဘီးကျဲ" ရုပ်ရှင်ဇာတ်ကားကို အနုပညာရှင်များစွာနဲ့ ပုံဖော်ရိုက်ကူးလျက်ရှိပါတယ်။ကညာပျိုနဲ့ ဇရာအို ဇာတ်ကားကိုပြန်လည်းမှီငြမ်းထားတယ်လို့သိရပါတယ်။ဘီးကျဲ ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ အကယ်ဒမီပြေတီဦး၊ နေနော်၊ စိုးမြတ်သူဇာ၊ အိချောပိုတို့က အဓိက ပါဝင်သရုပ် ဆောင်ထားကြပြီး ခင်လှိုင်၊ ဒိန်းဒေါင်နဲ့ တက္ကသိုလ်ဂွမ်းပုံတို့ကလည်း အားဖြည့်ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

အိချောပိုက"ဒီဇာတ်ကားထဲမှာ ညီမက ကြယ်စင်ဆိုတဲ့ ကောင်မလေးနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ကိုတီနဲ့မကြီးတို့ ကရိုးရိုးအေးအေးကြီးတွေပေါ့။အဲဒီမှာကိုပြေတီက ညီမကိုတွေ့တော့ စိတ်ဝင်စားလာတယ်။အဲဒီမှာ မိန်းမနဲ့ ပြဿနာတွေတက်တော့တာပဲ"လို့ပြောပါတယ်။

ခင်လှိုင်က"ကျွန်တော်ကတော့ ဒီဇာတ်ကားထဲမှာ လူလတ်ပိုင်းအရွယ်ကို နည်းနည်းကျော်ပြီး လူကြီးတန်းအရွယ်ကိုဝင်လာကြတဲ့ သူတွေပေါ့ ။ သူငယ်ချင်းတွေ ပေါ့ ပိုက်ဆံလည်းရှိကြတယ်။ ကျောင်းတုန်းက သူငယ်ချင်းတွေပြန်ဆုံကြပြီးတော့ တီတီ(ပြေတီ)က ကျတော့ ဆရာဝန်ကြီး ဆိုတော့ သပ်သပ်ရပ်ရပ်နေတယ်။ ကိုယ်တွေကတော့ ဆံပင်ဖြူရင် ဖြုတဲ့အတိုင်း ထားလိုက် တယ် ဆေးမဆိုးဘူး၊ သူကတော့မိန်းမက ဆိုးခိုင်းတော့ ဆိုးပေးတယ်။သူ့ကိုခေါ်ပြီးတော့ စားသောက်ဆိုင် တစ်ဆိုင်ကို သွားမိရာကနေပြီးတော့ ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်သွားတယ် ဆိုင်ကကောင်မလေးတစ်ယောက် ကို သူသံယောဇဉ်ဖြစ်သွားတယ်။ အဲ့ဒီမှာ ဟာသတွေနဲ့ ပြသနာဖြစ်ကုန်ကြတာပေါ့။"လို့ပြောပါတယ်။

ဒိန်းဒေါင်က"ကျွန်တော်ကတော့ ဒီဇာတ်ကားထဲမှာ ကိုပြေတီဦးရဲ့ သူငယ်ချင်းပေါ့။ အဘိုးကြီးပေါ။ သူက ပညာပေးလည်းပါတယ်။ အိမ်ထောင်ရေး ဖောက်ပြန်တတ်တဲ့ ပုဂ္ဂိုလ်ပေါ့ အဲ့ဒီလို လူမျိုးတွေအတွက် ပညာပေးလေးလည်းပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး အမှတ်တရ ကတော့ ဒီဇာတ်ကားလောက် ကျွန်တော်အဝတ်အစား ဝယ်ဖူးတဲ့ ကား တစ်ကားမှမရှိပါဘူး။ ပိုက်ဆံကို ဆယ်နဲ့ချီပြီး သုံးခဲ့ရတယ်။"လို့ပြောပါတယ်။


သတင်းအရင်းမြစ် Cele YatKwat
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။