Goblin ဇာတ်လမ်းထဲက မင်းသမီး Kim Go Eun နှင့် Blackpink အဖွဲ့ဝင် Rose တို့ဟာ အရမ်းကို ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဒီတစ်ပတ် အားလပ်ရက်မှာ ချစ်ဖို့ကောင်းတဲ့ ဆိုင်လေးတစ်ဆိုင်မှာလည်း ဒိတ်လုပ်ခဲ့ကြပါတယ်။

နှစ်ယောက်တွေ့ခဲ့ကြတာတဲ့ဓာတ်ပုံလေးကို  Kim Go Eun က သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ “Chaeyoung နှင့်အတူ” လို့ရေးပြီးတင်ခဲ့ပါတယ်။ ဓာတ်ပုံလေးထဲမှာ နှစ်ယောက်သားက အရမ်းကို ချစ်ဖို့ကောင်းနေကြတာပါ။

Instagram

Blackpink ရဲ့ Rose ကလည်း သူမရဲ့ အင်စတာဂရမ်အကောင့်မှာ “မျှော်လင့်ခြင်းသစ်သီးယိုဌာပနာမုန့်လေး” (Tart of Hope) လို့ရေးပြီး Kim Go Eun တင်ထားတဲ့ ဓာတ်ပုံလေးကိုပဲထပ်တင်ထားပါတယ်။ 

Instagram

နယ်ပယ်တစ်ခုစီမှာ နာမည်ကြီးကြတဲ့ Kim Go Eun နှင့် Rose တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးလေးက တော်တော်လေးကို ချစ်ဖို့ကောင်းတာပဲနော်။ နာမည်ကြီးတွေကို အခုလိုလေး မြင်ရတော့လည်း သာမန်လူလေးတွေလိုမျိုး ရိုးရိုးရှင်းရှင်းလေးနဲ့ လှနေကြပြန်ရော။ 

Google

Kim Go Eun နှင့် Rose တို့ဟာ စက်တင်ဘာလတုန်းက ပြီးသွားတဲ့ JTBC ရဲ့ 'Sea of Hope' ဆိုတဲ့ အစီအစဉ်လေးမှာ ပါဝင်ခဲ့ကြပါသေးတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။