ကသ်ရီနားနှင့်ဗစ်ကီတို့ မင်္ဂလာစုံတွဲလေးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ လက်ထပ်ထိပ်မြားခဲ့ကြတာဖြစ်ပါတယ်။ လက်ထပ်ပြီးတဲ့နောက်မှာတော့ ကသ်ရီနားဟာ သူမရဲ့ ပရိသတ်တွေအားလုံးကိုပါ သူတို့ရဲ့လှပတဲ့ အခိုက်အတန့်လေးတွေကို မြင်တွေ့ရစေဖို့  မင်္ဂလာဓာတ်ပုံလေးတွေ အများကြီး ဝေမျှပေးခဲ့ပါတယ်။ ဓာတ်ပုံလေးတွေ အားလုံးဟာလည်း အရမ်းကိုလှပပြီး ပျော်ရွှင်နေတဲ့ ကသ်ရီနားရဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေကိုပါ အပျော်တွေ ကူးစက်သွားစေပါတယ်။

Instagram

ဗစ်ကီကလည်း စကားတွေ အရမ်းအများကြီး မပြောခဲ့ပေမယ့် သူ့ရဲ့ သတို့သမီးလေးကို ကြည့်တဲ့ အကြည့်တွေကြောင့် ပရိသတ်တွေအားလုံးဟာ ကျေနပ်ပျော်ရွှင်နေကြပါတယ်။

Instagram

ဒီကနေ့မှာလည်း ကသ်ရီနားက သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ မင်္ဂလာဓာတ်ပုံလေးတွေကို ဝေမျှပေးလိုက်ပြန်ပါတယ်။  အခုတစ်ခေါက်တင်ပေးလိုက်တဲ့ ဓာတ်ပုံလေးတွေကလည်း အရမ်းကို ဒဏ္ဍာရီဆန်ပြီး ချစ်ဖို့ကောင်းလွန်းလို့ ပရိသတ်တွေရဲ့ ရင်ကို မှင်သတ်သွားစေပြန်ပါပြီ။

Instagram
Instagram

ဓာတ်ပုံလေးတွေထဲမှာ ကသ်နှင့်ဗစ်ကီတို့ ဇနီးမောင်နှံက ဒဏ္ဍာရီဆန်ဆန် အန္ဒိယရိုးရာဝတ်စုံကို ဝတ်ဆင်ထားကြတာပါ။ နောက်ခံရှုခင်းနှင့် ဇနီးမောင်နှံနှစ်ယောက်ရဲ့ကျက်သရေရှိမှုလေး ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ဓာတ်ပုံလေးတွေက ပုံကားချပ်လေးတွေအလား ဖြစ်သွားပါတယ်။

Instagram
Instagram

ကသ်ရီနားနှင့်ဗစ်ကီတို့ဟာ ရာဂျစ္စတာပြည်နယ်မှာ ရှိတဲ့ Six Senses Fort Barwara အပန်းခြေစခန်းမှာ ခန်းနားကြီးကျယ်စွာဖြင့် မင်္ဂလာပွဲကျင်းပခဲ့ကြတာဖြစ်ပါတယ်။ မင်္ဂလာပွဲကျင်းပခဲ့တာ ဒီဇင်ဘာလ ၉ ရက်နေ့ကတည်းကဆိုပေမယ့် ဆက်လက် ထွက်ပေါ်လာတဲ့ မင်္ဂလာပွဲ ဓာတ်ပုံလေးတွေကြောင့် အခုအချိန်အထိကို လူမှုကွန်ရက်ပေါ်မှာ ရှာဖွေမှုအများဆုံးဖြစ်နေတဲ့ အကြောင်းအရာလေး ဖြစ်နေတုန်းပါပဲ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။