ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်တဲ့ ဖိတောင်ဟာ ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းဒေသမှရှိတဲ့ သျှမ်းလူမျိုးတွေ အများစုနေထိုင်တဲ့ မယ်ဟောင်ဆွမ်လို့ ခေါ်တဲ့ဒေသမှာ သျှမ်းရိုးရာဓလေ့အကြောင်း သွားရောက်လေ့လာ သင်ယူခဲ့တယ်လို့သိရပါတယ်။ ဖိတောင်ဟာ ထိုင်းလူမျိုးတစ်ဝက် ဗီယက်နမ်လူမျိုးတစ်ဝက် သွေးနှောထားတဲ့ ထိုင်း-ဗီယက်နမ် ကပြားမင်းသားတစ်ယောက်ဖြစ်ပါတယ်။ အဆိုတော်တစ်ယောက်ဖြစ်သလို ရုပ်ရှင်ဇာတ်လမ်းတွေမှာလည်း မကြာခဏတွေ့ရလေ့ရှိတဲ့သူဖြစ်တာကြောင့် ထိုင်းနိုင်ငံမှာ နာမည်ကြီးတဲ့ မင်းသားတစ်ယောက်လို့ ဆိုရမှာပါ။
မယ်ဟောင်ဆွမ်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်းဒေသမှာရှိတဲ့ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေတဲ့ တောင်တန်းဒေသမြို့လေးတစ်မြို့ဖြစ်ပါတယ်။ ဝေးလံခေါင်ဖျားအရပ်ဒေသမှာရှိပြီး ရှမ်းနှင့်မုံကဲ့သို့သော တောင်ပေါ်သားမျိုးနွယ်စုများနေထိုင်ကြပါတယ်။ ထိုင်းလူမျိုးတွေကတော့ မယ်ဟောင်ဆွမ်ကို သူတို့ရဲ့ ဒေသအဖြစ်သက်မှတ်ထားကြပါတယ်။
ဒါပေမယ့် တကယ်တမ်းကြည့်ရင်တော့ မယ်ဟောင်ဆွမ်မှာနေထိုင်ကြတဲ့လူမျိးတွေရဲ့ ရိုးရာဓလေ့တွေမှာ သျှမ်းလူမျိုးတိုင်းရင်းသားတွေရဲ့ အငွေ့အသက်တွေ အများကြီး ပါနေတာကို ဓာတ်ပုံလေးတွေထဲမှာ အထင်းသားတွေ့မြင်ရပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။