အဆိုတော်ချယ်ရီသင်းဟာ ရွှေပြည်သာမှာရှိတဲ့ အဆင်မပြေတဲ့သူတွေအတွက် ဒီကနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ဆန်အိတ်တွေလှူဒါန်းပေးခဲ့ပါတယ်။ အိမ်ခြေ ၆၀၀ စာအတွက်လှူဒါန်းပေးခဲ့တဲ့ဖြစ်ပြီး စုစုပေါင်း ဆန်အိတ် ၅၀ အိတ် ၊ ပြည်ပေါင်း ၁၂၀၀ ကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

Cherry Thin's Facebook
Cherry Thin's Facebook

ဒီအလှူလေးကို ဆောင်းဝင်တော့မည် သီချင်း အမှတ်တရအနေနဲ့ အဆိုတော် ဝင်းနိုင်စိုး ကနေ မတည်လှူဒါန်းပေးခဲ့တာဖြစ်ပြီး အဆိုတော်ချယ်ရီသင်းမှ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးခဲ့တာလို့ သိရပါတယ်။နောက်ထပ်လည်း လိုအပ်တဲ့နေရာလေးတွေမှာ သွားရောက်လှူဒါန်းပေးဦးမယ်လို့ ချယ်ရီသင်းမှ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးတင်ထားပါတယ်။

Cherry Thin's Facebook
Cherry Thin's Facebook

ချယ်ရီသင်းဟာ အသံချိုချိုလေးနှင့် ပရိသတ်တွေနားထဲ စွဲသွားစေမယ့် သီချင်းတွေ သီဆိုလေ့ရှိတဲ့သူဖြစ်ပြီး သူမ နောက်ဆုံးသီဆိုထားတဲ့ သီချင်းလေးကတော့ ဆောင်းဝင်တော့မည်သီချင်းဖြစ်ပါတယ်။ သူမဟာ  မကြာခဏ အလှူတွေလုပ်လေ့ရှိတဲ့သူဖြစ်ပြီး အခုအလှူလေးကတော့ သူမနှင့်သီချင်းတွဲဖက်သီဆိုခဲ့တဲ့ အဆိုတော်ဝင်းနိုင်စိုး ရဲ့ မတည် အလှူလေး ဖြစ်တယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။