မြန်မာပြည်မှာ ဖုန်းတွေစခေတ်စားကတည်းက ကွန်ပြူတာဆိုင်တွေမှာ ၃၀၀ ၄၀၀ ပေးပြီး ဖုန်းထဲသွင်းခဲ့ရတဲ့ ဂိမ်းလေးတွေ အများကြီး ရှိခဲ့ပါတယ် အဲ့ဒီထဲမှာ COC တို့နဲ့ခေတ်ပြိုင် Angry birds ဂိမ်းတွေလည်း အပါအဝင်ပါပဲ ကျောင်းစာအုပ်တွေ ကျောပိုးအိတ်တွေ ခဲဖျက်တွေပေါ်အထိ နေရာဝင်ယူ‌ရလောက်အောင် နာမည်ကြီးခဲ့တဲ့ ဂိမ်းဖြစ်ပါတယ် Angry Birds ကာတွန်းဇာတ်ကားတွေလည်း အဲ့အချိန်တုန်းက နာမည်ကြီးတွေထဲ အပါအဝင်ပါပဲ

Angry Birds:Journey Trailer

အခုလက်ရှိအခြေအနေအရ မိုဘိုင်းဒေတာတွေ ဈေးတက်လာတာကြောင့် offline နဲ့ အကြာကြီးဆော့ရမဲ့ ဂိမ်းတွေကို ပိုရွေးချယ်လာရပါပြီ အဲ့လိုဂိမ်းအမျိုးအစားအတွက်ဆို Angry Birds ဂိမ်းတွေက အသင့်တော်ဆုံးဖြစ်ပါတယ် ခုလက်ရှိ ဖော်ပြပေးမှာကတော့ 2022 အစောပိုင်းမှာ ထွက်လာမှာဖြစ်တဲ့ Angry Birds: Journey ဆိုတဲ့ ဂိမ်းအသစ်ဖြစ်ပါတယ် လက်ရှိ Play Store နဲ့ App Store တို့မှာ Pre-register လုပ်ထားလို့ရနေပါပြီ 

Screenshot from Twitter

ဒီဂိမ်းကတော့ အရင် Angry Birds ဂိမ်းတွေလိုပဲ ငှက်တွေနဲ့ လေးခွတစ်ခုကိုသုံးပြီး ဥတွေကို လိုက်ခိုးနေတဲ့ ဝက်တွေကို သူတို့ဥတွေရှာမတွေ့ခင် တားဆီးရမဲ့ Puzzle အမျိုးအစားဂိမ်းဖြစ်ပါတယ် Trailer နဲ့ Screenshot တွေအရတော့ ကောင်းမွန်တဲ့ရုပ်ထွက် အရင်လို ငှက်တစ်မျိုးချင်းစီရဲ့ အစွမ်းတွေကို မြင်ရမှာပါ အရောင်အသွေးစုံစုံ ကာတွန်းဇာတ်ကောင်ရုပ်လေးတွေနဲ့ ‌အရမ်းမိုက်တဲ့ နောက်ခံအသံတွေ သီချင်းတွေကို ခံစားရမှာပါ ဒင်္ဂါးပြားတွေ ဆုတွေလိုက်စုရင်း Level ပေါင်း 100 ကျော်အထိ ကစားနိုင်မှာဖြစ်ပါတယ် Level တက်လာရင်းနဲ့ ‌တခြားနေရာတွေ Egg Wonders ထဲကဇာတ်လမ်းတွေကိုပါ တဖြည်းဖြည်း ဖော်ထုတ်နိုင်ပါတယ် နိုင်ငံပေါင်း 6 နိုင်ငံမှာ 2020 အစောပိုင်းက အစမ်းထုတ်ပေးခဲ့ပြီး Review အကောင်းတွေ ရရှိခဲ့ပါတယ်

Credit:Rovio

ဒေတာဈေးတွေအရ Offline ဂိမ်းတွေကို ပိုအသားပေးရမဲ့ အ‌ခြေအနေဖြစ်နေတာကြောင့် ပျင်းတဲ့အခါ ပေါ့ပေါ့ပါးပါး Angry Birds ဂိမ်းကိုဆော့ရင်းနဲ့ အချိန်တွေကုန်မှန်းမသိကုန်အောင် ဖြတ်သန်းနိုင်ပါတယ် နည်းနည်းတော့ထပ်စောင့်ရဦးမှာဖြစ်လို့ ဒီကြားထဲမှာ တခြား Angry Birds ဂိမ်းတွေဆော့ရင်းနဲ့ စောင့်ဆိုင်းလိုက်ပါ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။