လူတစ်ဖက်သားကို စိတ်ချမ်းသာအောင် ပြောတတ်တဲ့ သူ့ရဲ့ အပြောအဆိုအမူကျင့်လေးတွေကတော့ ချစ်စရာကောင်းလှပါတယ်။

သူမကတော့ လက်တလောလူမှုကွန်ရက်မှာ ပါ ချီချီ လို့ ချစ်စနိုးနာမည်ရနေတဲ့ Beauty Blogger နေခြည်ဦးပါ။

Beauty By Naychi ဆိုတဲ့ ဖေ့ဘုတ်ပေ့ချ်လေးက မိန်းကလေးတွေအတွက် အလှအပနဲ့ ဖက်ရှင်ကို အသားပေးတဲ့ စာလေးတွေနဲ့ Make up Tuto ဗီဒီယိုလေးတွေ တင်လေ့ရှိပါတယ်။

ချီချီ ကတော့ အနုပညာရှင်တစ်ယောက်မဟုတ်ပေမယ့်လည်း မိန်းကလေးတွေရဲ့ သဲသဲလှုပ်အချစ်ခံနေရသူလေးဖြစ်ပါတယ်။

နာမည်ကျော် မင်းသား အောင်ရဲလင်းရဲ့ချစ်သူ လည်းဖြစ်တဲ့ နေခြည်ဦး ဟာ သြဂုတ်လ(၁၅)ရက်နေ့က သူမကို မိတ်ကပ်ပြင်ဆင်ပေးထားတဲ့ နိုင်ငံကျော်မိတ်ကပ်ပညာရှင်မေဦးကို ချီးကျုးစကားဆိုလိုက်ပါတယ်။

သူမကို မိတ်ကပ်ပြင်ဆင်မှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့လအတွင်း မေဦးဟာ ရုပ်ဆိုးအောင်ြ့ပင်ပေးရမလားဆိုပြီး သူမရဲ့ Fan တစ်ယောက်ရဲ့ ဝေဖန်မှုခံထားရတာပါ။

ဒီတစ်ခေါက်မှာတော့ မေဦး ပြင်ဆင်ပေးထားတဲ့ မျက်နှာအလှတရားကို ဓာတ်ပုံလေးတင်ပြီး သူများမိတ်ကပ်လိမ်းပေးတာခံရတာ သဘောကျကြောင်း၊ မေဦးဆီ က ပညာယူစရာတွေရှိသေးတဲ့အကြောင်း ချီးကျူုးစကားဆိုခဲ့ပါတယ်။

လူလေးက ချစ်ဖို့ကောင်းရုံတင်မကဘူး စိတ်ထားလေးကပါ ကောင်းလွန်းတဲ့ ချီချီပါပဲ။  

သတင်းအရင်းမြစ် Nay chi oo fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။