အသံအေးအေးလေးနဲ့နားထောင်လိုက်တိုင်း စွဲသွားစေတဲ့ သီချင်းလေးတွေကို သီဆိုလေ့ရှိတဲ့ ချယ်ရီသင်းဟာ သူမ နောက်ဆုံးသီဆိုထားတဲ့ ဆောင်းဝင်တော့မယ် သီချင်းအမှတ်တရအနေနဲ့ လိုအပ်နေသူများကို ငွေကျပ် သိန်း ၃၀ ဖို့ လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။ အခုအလှူကို ဆောင်းဝင်တော့မယ်သီချင်းမှာ သူမနှင့်အတူတွဲဖက်သီဆိုခဲ့တဲ့ အဆိုတော် ဝင်းနိုင်စိုးက မတည်ပြီး ဆောင်းဝင်တော့မည်သီချင်း အဖွဲ့သားများနှင့်အတူ လှူဒါန်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ လိုအပ်နေသူများအနေနဲ့လည်း သူမရဲ့ စာအောက်မှာ လာရောက်နေရာပြောပြလို့ ရတယ်ဆိုတဲ့အကြောင်းကို အဆိုတော် ချယ်ရီသင်းမှ အခုလို ရေးတင်ထားပါတယ်။

Cherry Thin

“သိန်း-၃၀ဖိုးဆန်ဆီနဲ့လိုအပ်တာလှူပေးပါမည်?

ဆောင်းဝင်တော့မည် သီချင်းအမှတ်တရအနေနဲ့

အဆင်မပြေတဲ့သူအချို့အတွက်

ကိုကြီး Win N Soeဝင်းနိူင်စိုး ကမတည်ပြီး ဆောင်းဝင်တော့မည်အဖွဲ့သားများနဲ့အတူသိန်း -၃၀ ဖိုးဆန်ဆီနဲ့ငွေသားအချို့လှူဒါန်းပေးမှာဖြစ်ပါတယ်?

ကိုကြီးရေအခုထက်ပိုအောင်မြင်ပြီးစီးပွါးရေးတွေအဆင်ပြေပါစေ??

လာလှူလို့ရမဲ့နေရာလေးတွေမန့်ပေးပါလား❤️❤️?

ချယ်ရီ သင်း”

Youtube

အဆိုတော်ချယ်ရီသင်းနှင့် အဆိုတော်ဝင်းနိုင်စိုးတို့သီဆိုထားတဲ့ ဆောင်းဝင်တော့မည်သီချင်းလေးဟာ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ စတင်ထွက်ရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ သီချင်းလေးဖြစ်ပါတယ်။ ဆောင်းဝင်တော့မည်သီချင်းရဲ့ အဖွဲ့သားတွေအနေနဲ့လည်း အခုလို လေး အလှူအတန်းလေးတွေ ပြုလုပ်ပေးတယ်ဆိုတော့ လိုအပ်နေသူတွေလည်း ပိုပြီးဝမ်းသာစရာလေးပါနော်။

သီချင်းနားထောင်ရန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။