ဓာတ်ပုံတစ်ပုံကြောင့် Vincenzo ဇာတ်လမ်းတွဲမှာ အတူတူပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ တောင်ကိုရီးယားမင်းသား Song Joong Ki နှင့် Jeon Yeo Bin တို့ကို တွဲနေတယ်ဆိုပြီး ကောလာဟလ သတင်းတွေထွက်ခဲ့တာပဲဖြစ်ပါတယ်။

Google

Vincenzo ဇာတ်လမ်းကို ရိုက်ကူးနေစဉ်မှာလည်း ပရိသတ်တွေက Song Joong Ki နှင့် Jeon Yeo Bin တို့အတွဲကိုတောက်လျောက်စောင့်ကြည့်နေခဲ့ကြတာပါ။ Red carpet နှင့် ဆုပေးပွဲအခန်းအနားတွေတတ်တုန်းကလည်း သူတို့ အနုပညာရှင်နှစ်ယောက်ကို တောက်လျောက်အသေးစိတ် သတိထားနေကြတာဖြစ်ပါတယ်။

Google
Google

မကြာသေးမီက ထွက်ရှိလာခဲ့တဲ့ ဓာတ်ပုံတစ်ပုံကြောင့် သူတို့နှစ်ယောက် တကယ်ပဲတွဲနေကြပြီလားဆိုတဲ့ ကောလာဟလတွေက ပိုပြီးများစွာထွက်ရှိလာခဲ့ပါတယ်။ ဓာတ်ပုံထဲမှာဆိုရင် Song Joong Ki နှင့် Jeon Yeo Bin တို့က ဦးထုပ်ဆင်တူဝတ်ဆင်ထားကြပြီး ဘေးကင်းကပ်ထိုင်နေခဲ့ကြတာပါ။

Google

ဒါပေမယ့် သိပ်မကြာခင်မှာပဲ အဆိုပါဓာတ်ပုံနှင့်ပတ်သတ်ပြီး ပရိသတ်တွေက ပြန်လည်ဖန်တီးပြုပြင်ထားတဲ့ ဓာတ်ပုံဆိုတာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ တကယ့်ဓာတ်ပုံထဲကပုံမှာ Song Joong Ki က တစ်ယောက်တည်းထိုင်နေပြီး ဘေးနားမှာ Jeon Yeo Bin လည်း ရှိမနေပါဘူး။

Google

အခုလိုမျိုးအတင်းအကြပ်ကြီး ကောလာဟလတွေထွက်အောင်လုပ်နေကြတဲ့သူတွေဟာ Vincenzo ဇာတ်လမ်းထဲက ဇာတ်ဆောင်နှစ်ယောက်ရဲ့ လွှမ်းမိုးမှုအောက်ကနေ မထွက်နိုင်သေးတဲ့ ပရိသတ်တွေကြောင့်ဖြစ်လိမ့်မယ်လို့ ယူဆထားကြပါတယ်။ တောင်ကိုရီးယားမင်းသား Song Joong Ki ဟာ မင်းသမီး Song Hye Kyo နဲ့ ကွာရှင်းထားတာ ၂ နှစ်ကြာသွားခဲ့သည့်တိုင်အောင် ဘယ်သူနဲ့မှမတွဲရသေးတဲ့သူဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။