အားလုံးပဲ ဟောလိဝုဒ်မင်းသားကြီး Sylvester Stallone ကိုသိကြတယ်မဟုတ်လား။ ဟောလိဝုဒ်မင်းသားကြီး Sylvester Stallone ကတော့ ချစ်ဖို့ကောင်းတဲ့ သမီးချောလေး ၃ ယောက်ရဲ့ ဖခင်ကြီးပဲဖြစ်ပါတယ်။ Sylvester Stallone သမီးတွေရဲ့ အဆိုအရ သူတို့ရဲ့ ဖခင်ဟာ သူတို့ကို အံ့သြဖွယ်ကောင်းတဲ့ ချိန်းတွေ့နည်းတွေအကြောင်းနဲ့ပတ်သတ်ပြီး အကြံဉာဏ်တွေ ဝေမျှပေးလေ့ရှိတယ်လို့ သိရပါတယ်။

Google

မင်းသားကြီး Sylvester Stallone ရဲ့ သမီးသုံးယောက်က Sophia ၂၅ နှစ် ၊ Sistine ၂၃ နှစ်နှင့် Scarlet ၁၉ နှစ်တို့ပဲဖြစ်ပါတယ်။ လှပပြီး ချစ်စရာကောင်းတဲ့သမီးလေးတွေ အနေနဲ့ အချစ်ရှာဖွေတဲ့နေရာမှာ အမှားမပါရစေဖို့အတွက် ဖခင်ကြီး Sylvester Stallone တစ်ယောက်စိုးရိမ်နေခဲ့တာပဲဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး Sophia က အခုလိုလေး ဟာသဆန်ဆန်ပြောခဲ့တာပဲဖြစ်ပါတယ်။

Google

“ကျွန်မရဲ့ အမေကို ဒီတစ်ပတ်ထဲ ဘယ်လိုချိန်းတွေခဲ့လဲ ပြောနေတဲ့အချိန်မှာ အဖေက ဘယ်နားကမှန်းမသိ ရုတ်တရက်ကြီးရောက်လာပြီး ငါဒီမှာ ထိုင်လို့ရမလားလို့ မေးတယ်”

“အဖေကပြောတယ် လူမှန်တစ်ယောက်ရဖို့ စိတ်ရှည်ရှည်နဲ့စောင့်ပါသမီးတဲ့။ လူတစ်ယောက်ရဲ့ စိတ်အခြေအနေပုံစုံကို စောစောကောက်ချက်ချလို့မရဘူးတဲ့။ အချစ်ကို အလျင်စလိုမလုပ်မိဖို့ အရေးကြီးပြီး အချစ်စစ်တစ်ခု ရောက်လာဖို့ စိတ်ရှည်ရှည်နဲ့စောင့်ရမယ်တဲ့”

Google

တော်တော်ကို သမီးတွေကို စိုးရိမ်တတ်တဲ့ ဖအေကြီးပဲနော်။ Sylvester Stallone ဟာ သားသမီးတွေကို အရမ်းချစ်ပြီး အထူးသဖြင့် သမီးတွေကို အချစ်နဲ့ပတ်သတ်ပြီး မပူလောင်စေချင်တဲ့ ဖခင်ကြီးဖြစ်ပါတယ်။ သူ့မှာ Seargeoh နှင့် Sage လို့ခေါ်တဲ့ သား ၂ ယောက်လည်း ရှိသေးပြီး Sage က ၂၀၁၂ ခုနှစ် အသက် ၃၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။