MRTV 4 ဇာတ်လမ်းတွဲတွေထဲမှာ မကြာခဏမြင်တွေ့ရတဲ့ ဈူးဈူးဈာန်ဟာ သရုပ်ဆောင်အရမ်းကောင်းလွန်းတာကြောင့် အားပေးသူပရိသတ်တွေ အများကြီး ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ် ။

Zu Zu Zan

ယမန်နေ့ဒီဇင်ဘာလ ၉ ရက်နေ့မှာတော့ ဈူးဈူးဈာန်နဲ့ အမေတစ်ခုသမီးတစ်ခုလိုမျိုး နေထိုင်ခဲ့တဲ့ မိခင်ကြီးဟာ ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ရတဲ့အတွက်လည်း ဈူးဈူးဈာန်တစ်ယောက်များစွာ ကြေကွဲဝမ်းနည်းနေတာပဲဖြစ်ပါတယ်။ ဈူးဈူးဈာန်ဟာ သူမရဲ့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့မိခင်ကြီးကို မီးသဂြိုလ်ရင်း အခုလိုလေး ရေးပြီးတင်လာပါတယ်။

Zu Zu Zan

“ဟိုးငယ်ငယ်လေးတည်းက Broken Family ကနေ သားအမိလေးနှစ်ယောက် ဘဝကိုခက်ခက်ခဲခဲကြိုးစားပြီး ရုန်းကန်ရှင်သန်လာခဲ့တာ  ...အခုတော့မေမေဈူးကိုစိတ်ချသွားပီပေါ့နော် .... မေမေကောင်းရာမွန်ရာမှာ အေးအေးချမ်းချမ်းနဲ့အနားယူနေမယ်ဆိုတာဈူးယုံတယ်နော်...ဈူးကိုစိတ်ချနော်..အေးချမ်းပါစေမေမေ ???”

Zu Zu Zan

ဈူးဈူးဈာန်ရဲ့ မိခင်ကြီးဟာ ဆေးရုံမှာ သတိမေ့မြောနေခဲ့တာ ကိုးရက်ကျော်ကြာခဲ့ပြီးတဲ့နောက်မှာ ပြင်ဦးလွင်မှာရှိတဲ့ အောင်သစ္စာဆေးရုံမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဈူးဈူးဈာန် ကိုယ်တိုင်လည်း သူမရဲ့ မိခင်ကြီးကို ဆေးရုံကုတင်ပေါ်မှာ မြင်တွေ့ရမယ်လို့ အိမ်မက်တောင် မမက်ခဲ့မိဘူးလို့ သိရပါတယ်။ ရုတ်တရက် ကွယ်လွန်သွားရှာတဲ့ မိခင်ကြီးအတွက် ဈူးဈူးဈာန် တစ်ယောက် များစွာ စိတ်မကောင်းဖြစ်လို့ နေပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။