ရွှေမင်းသားလေးချစ်ပုံပြင် “Princess Hours” ဇာတ်လမ်းထဲက မင်းသမီး Yoon Eun Hye ဟာဆိုရင် သူမ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရတဲ့အကြောင်းကို ပရိသတ်တွေဆီကို ဝေမျှခဲ့တာပဲဖြစ်ပါတယ်။ Yoon Eun Hye ဟာ သူမရဲ့ မိသားစုဝင်တစ်ဦး ကိုဗစ် ရောဂါပိုးကူးစက်ခံရရာမှစတင်ကာ သူမပါ ရောဂါပိုးကူးစက်ခံရတာပဲဖြစ်ပါတယ်။ ရောဂါပိုးကူးစက်ခံရတာနှင့်ပတ်သတ်ပြီး Yoon Eun Hye က အခုလိုလေး ဝေမျှလာခဲ့ပါတယ်။

Google

“ ပရိတ်သတ်ကြီးကို ကျွန်မ ချက်ချင်း အသိပေးစရာလေးရှိလို့ ဒီအကြောင်းအရာလေးကို ခပ်မြန်မြန်ရေးလိုက်တာပါ။ ကျွန်မရဲ့ မိသားစုဝင်ထဲကတစ်ဦး နေမကောင်းဖြစ်နေလို့ မသင်္ကာတာနဲ့ကိုဗစ်ရောဂါပိုးစစ်ခဲ့တာ အဖြေက ရောဂါပိုးကူးစက်ခံထားရပါတယ်။ သတင်းကြားသိရချင်းမှာပဲ ကျွန်မ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ကိုဗစ်စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ ကျွန်မလည်း ရောဂါပိုး ကူးစက်ခံထားရပါတယ်။

Google

လက်ရှိ ကျွန်မ ကွာရန်တင်းစည်းမျဉ်း စည်းကမ်းတွေအတိုင်းနေထိုင်နေပါတယ်။ အမြန်ဆုံးပြန်လည် သက်သာလာဖို့လည်း ကြိုးစားသွားပါမယ်ရှင်။ဒီလိုစိတ်မကောင်းစရာသတင်းကို အားလုံးကို ဝေမျှပေးရတဲ့အတွက် တောင်းပန်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ကျွန်မမှာ ဘာရောဂါလက္ခဏာမှမပြသေးပါဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး အရမ်း စိတ်မပူကြပါနဲ့နော်။

အားလုံးပဲ ကျန်းမာရေးကို ဂရုစိုက်ကြပါရှင့် " 

Google

Yoon Eun Hye ဟာ လက်ရှိမှာ JTBC variety show အစီအစဉ်ဖြစ်တဲ့ “Cook King: Birth of the Cooking King” မှာ ပါဝင်နေတဲ့သူပဲဖြစ်ပါတယ်။”

အမြန်ဆုံးနေကောင်းကျန်းမာလာစေဖို့ ဆုတောင်းပေးပါတယ်နော် ကောင်မလေးရေ ။။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။