သရုပ်ဆောင်ခွန်းဆင့်နေခြည်ဟာ သူမ အမေရိကန်နိုင်ငံ နယူးယောက်မြို့ကိုရောက်ရှိနေစဉ်ကာလမှာပဲ မြန်မာနိုင်ငံမှာရှိတဲ့ သူမရဲ့ မိဘနှစ်ပါးနှင့် အစ်ကိုတို့ အားလုံးကို ဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။ သူမရဲ့ မိခင်ကြီးဟာဇွန်လ ၁ ရက်နေ့က ကွယ်လွန်သွားခဲ့ရတာဖြစ်ပြီး သူမရဲ့ ဖခင်ကြီးကတော့ မိခင်နှင့်ရှေ့ဆင့်နောက်ဆင့် ဇူလိုင်လ ၂၂ ရက်နေ့ မြန်မာစံတော်ချိန် ၆ နာရီမှာ ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။

Khunn Sint Nay Chi 

သူမရဲ့ အစ်ကိုဖြစ်သူဟာလည်း ၂၀၂၁ ခုနှစ်ထဲမှာပဲကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။ မိသားစုဝင်တွေအားလုံး ဆုံးရှုံးခဲ့ရတာနှင့်ပတ်သတ်ပြီး သရုပ်ဆောင် ခွန်းဆင့်နေခြည်က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အခုလိုလေးရေးတင်ထားပါတယ်။

Khunn Sint Nay Chi 

“မိသားစုအားလုံး ဆုံးရှုံးခဲ့ရတဲ့လွန်ခဲ့တဲ့ ၆ လ

လောက်က ကျွန်မစိတ်တွေအဝီစိထိကျသွားခဲ့တယ်

စိတ်ကျသွားတဲ့အတွက် အဲ့ဒီ့အချိန်တုန်းကကျွန်မ

ဘက်စုံကျသွားခဲ့တယ် အခုကျွန်မ recover ပြန်ဖြစ်ပြီ

အရင်ကထက်ပိုသန်မာလာတယ် အခုကျွန်မပျော်

အောင်ပြန်ကြိုးစားတာအောင်မြင်ခဲ့ပြီ တခါတလေ

မိသားစုကို လွမ်းဆွတ်လို့ ကြေကွဲရပေမဲ့ ကျွန်မ

မသေသ၍ ရှင်သန်ဖို့လိုတယ် ဒါ့ကြောင့်ကျွန်မပျော်

အောင်ပြန်ကြိုးစားမှဖြစ်မယ်ဆိုတာကျွန်မသိတယ်

Khunn Sint Nay Chi 

စိတ်ပျော်နေမှ အရာရာစွမ်းဆောင်နိုင်တာဆိုတော့

မပျော်ပျော်အောင်သာကြိုးစားပေတော့ ဘယ်လောက်

ကြေကွဲ ပူဆွေးစရာတွေရှိနေပါစေ ကိုယ်အသက်ရှင်နေ

သေးသ၍ ကိုယ်ပျော်အောင်နေမှ ကိုယ့်ဘဝကဆက်ရှင်

သန်နိုင်မှာပါ ••• ကြေကွဲစရာ ပူဆွေးစရာတွေကို

ရင်ဝယ် ပိုက်ပြီး အကြာကြီးခရီးဆက်နေမယ်ဆိုရင်

ကိုယ်လည်းရှင်ရက်နဲ့သေနေသလိုပါပဲ •••

ဘဝကတိုတိုလေးပါ အရာအားလုံးကခဏလေးတွေပါ

လူသားအားလုံး သေမဲ့ရက် ကိုထိုင်စောင့်ရင်း လူဖြစ်ခွင့်

ရနေတဲ့အချိန်တိုလေးအတွင်း ဘဝကို မပျော်လည်း

ပျော်အောင်သာဖြတ်သန်းကြပါ•••အရာအားလုံး

အတွက် Fighting ???”

Khunn Sint Nay Chi 

သူမဟာ မိသားစုဝင်တွေအားလုံးဆုံးရှုံးခဲ့ရပေမယ့် လောကကြီးကို အရှုံးမပေးဘဲဆက်လက်ကြိုးစားနေတဲ့အကြောင်းကို ရင်ဖွင့်လာတာပဲဖြစ်ပါတယ်။ မိသားစုဝင်တွေအားလုံး ဆုံးရှုံးလိုက်ရတဲ့ခံစားချက်က ဘယ်လောက်ပူလောင်လဲဆိုတာခံစားဖူးတဲ့သူပဲသိတာကြောင့် သရုပ်ဆောင်ခွန်းဆင့်နေခြည်တစ်ယောက် အကောင်းဆုံး ကျော်လွှားဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။