၅၀၀ ကျပ်တန် ဇလုံထမင်းဆိုင်လေးတွေ နေရာတိုင်း တိုးချဲ့ဖွင့်လှစ်လာတာနှင့်အမျှ ကရင်ပြည်နယ် ဘားအံမြို့က ဇလုံထမင်းဆိုင်လေးဟာလည်း လူအများရဲ့ စားချင်စိတ်ကို နှိုးဆွလို့နေပါတယ်။ ဒီဇလုံထမင်းဆိုင်လေးဟာ ကရင်ပြည်နယ် ၊ ဘားအံမြို့ အမှတ် ၄ ရပ်ကွက် ၊ ခရေလမ်း မှာတည်ရှိတာဖြစ်တာလို့ သိရပါတယ်။ 

Credit to Original Uploader

၅၀၀ ကျပ်တန် ဇလုံထမင်းဆိုင်လေးဖြစ်ပေမယ့် ပါဝင်တဲ့ ဟင်းတွေကတော့ လုံးဝကို ရှယ်တွေပါနော်။ ပုံလေးတွေထဲမှာဆိုရင် ကြက်ဆီပြန် ၊ ငါးချဉ်ပေါင်ချက် ၊ စိမ်းစိုလတ်ဆက်တဲ့တို့စရာအစုံ ၊ သီးစုံပဲဟင်း ၊ ဝဥသုပ်  လေးတွေပါပါတယ်။

Credit to Original Uploader
Credit to Original Uploader
Credit to Original Uploader

၅၀၀ ကျပ်တန် တန်ဖိုးမက အဖိုးတန်တဲ့ ပါဝင်ပစ္စည်းလေးတွေကို ဒီ ဇလုံထမင်းဆိုင်လေးမှာ အထင်းသားတွေရပါတယ်။

Credit to Original Uploader
Credit to Original Uploader

ဆိုင်ရှင်ကတော်တော် စေတနာပါတာပဲနော်။ ဒီထက်မက များများ လှူဒါန်းနိုင်ပြီး အလှူရှင်တွေလည်း အများကြီးလည်း ပေါ်လာပါစေ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။