တောင်ကိုရီယားမင်းသားလီဒေါင်ဝုဟာ Bad and Crazy ဆိုတဲ့တောင်ကိုရီးယားရုပ်ရှင်ဇာတ်လမ်းမှာ Squid Game သရုပ်ဆောင် ဝီဟာဂျွန်း နှင့်တွဲပြီး ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Lee Dong Wook

ဇာတ်လမ်းမထွက်ခင်မှာ သရုပ်ဆောင်နှစ်ယောက်စလုံးကို Amazing Saturday တီဗီအစီအစဉ်မှာ မြင်တွေ့ရဦးမှာပါ။ Amazing Saturday မှာ ဧည့်သည်အဖြစ်ပါဝင်လာမယ့် လီဒေါင်ဝုနှင့် ဝီဟာဂျွန်းတို့ရဲ့ ဖက်ရှင်ပုံစံတွေကလည်း ပရိသတ်တွေကို ဟာခနဲ ဟင်ခနဲ ဖြစ်သွားစေပါတယ်။

Lee Dong Wook

Amazing Saturday အစီအစဉ်မှာ လီဒေါင်ဝုက ဂျိုကာ ဝတ်စုံခရမ်းရောင်နဲ့ ပါဝင်လာပြီး ဝီဟာဂျွန်းကတော့ Bad and Crazy ဒရမ်မာထဲက သူ့ရဲ့ ကာရိုက်တာလိုမျိုး အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။ နှစ်ယောက်လုံးက ဖက်ရှင် ပုံစံတစ်မျိုးစီနဲ့ မိမိုက်နေကြတာပါ။

Lee Dong Wook

Amazing Saturday အစီအစဉ်ရဲ့ နမူနာဗီဒီယိုထွက်လာပြီးတဲ့နောက်မှာတော့ လီဒေါင်ဝုက သူ့ရဲ့ မိမိုက်နေတဲ့ ဂျိုကာဝတ်စုံနဲ့ဓာတ်ပုံတွေကို အင်စတာဂရမ်စာမျက်နှာပေါ်မှာ တင်ပေးလိုက်ပါတယ်။

Lee Dong Wook
Lee Dong Wook

ခရမ်းရောင်ဝတ်စုံနဲ့ အရမ်းကို ဆွဲဆောင်မှုရှိနေတဲ့ လီဒေါင်ဝုရဲ့ ဓာတ်ပုံဟာ မိနစ်ပိုင်းအတွင်း လူသန်းပေါင်းများစွာရဲ့ နှလုံးသားကို ဖမ်းခြွေပစ်လိုက်နိုင်ပါတယ်။

Lee Dong Wook

လီဒေါင်ဝုဟာ အသက် ၄၀ ကျော်ရှိနေပြီဖြစ်သော်လည်း သူ့ရဲ့ နုပျိုဆဲ ချောမောဆဲပုံရိပ်တွေကြောင့် တကယ်ကို နတ်သားအလားလို့တောင် ထင်မှတ်နိုင်စေမယ့် သူတစ်ယောက်ဖြစ်ပါတယ်။ ချောလိုက်တာ ဦးဦးဒေါင်ဝုရယ် .. ဘယ်လိုတောင်ခန့်ညားနေတာလဲနော် ..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။