တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီး Hwang Jung-eum ဟာ သူမနှင့်သူမခင်ပွန်းဖြစ်သူတို့ရဲ့ ချစ်စရာဓာတ်ပုံလေးတွေကို ပရိသတ်တွေဆီ ချပြပေးလိုက်ပြီပဲဖြစ်ပါတယ်။ Hwang Jung-eum ဟာ သူမရဲ့ ချမ်းသာတဲ့ခင်ပွန်းဖြစ်သူနဲ့ ဇူလိုင်လတုန်းကမှ ပြန်လည်ပေါင်းစည်းခဲ့တာဖြစ်ပါတယ်။

Instagram

သူမဟာ လက်ရှိမှာ ဒုတိယရင်သွေးလေး ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပြီး သူမရဲ့ ဖုံးကွယ်ထားတဲ့ မိသားစု ဓာတ်ပုံကိုပါ ချပြလိုက်တာဖြစ်ပါတယ်။ တောင်ကိုရီးယားနာမည်ကြီး အနုပညာရှင်တွေဟာ ကောင်မွန်တဲ့အခြေအနေတွေကိုပဲ ပြလေ့ရှိပေမယ့် Hwang Jung-eum ကတော့ သူမအဆင်မပြေတဲ့ အချိန်မှာလည်း မပြေတဲ့အကြောင်းကို ထည်ထည်ဝင်ဝင်ချပြခဲ့တာပါ။

Instagram

အခုအဆင်ပြေနေတဲ့ အချိန်မှာလည်း ပရိသတ်တွေတောင် မနာလို ဖြစ်ရလောက်တဲ့အထိ ကို ပျော်ရွှင်စရာဓာတ်ပုံလေးတွေကို ချပြခဲ့တာပဲဖြစ်ပါတယ်။

Instagram

ဓာတ်ပုံလေးတွေထဲမှာ သူမ ခင်ပွန်းဖြစ်သူ ၊ သားဦးလေးနှင့် ဒုတိယရင်သွေးလေးကိုပါ ထည့်သွင်းဖော်ပြပေးထားတာပါ။ သူမရဲ့ ဒုတိယရင်သွေးလေးဟာဆိုရင်လည်း မွေးဖွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

Instagram

ပရိသတ်တွေအနေနဲ့လည်း နှစ်ပေါင်းများစွာ မပျော်မရွှင်ဖြစ်ခဲ့ရတဲ့ မင်းသမီးလေး အခုလို ပြန်လည်ပျော်ရွှင်နေတာကို တွေ့ရတော့ အရမ်းကို ဝမ်းသာနေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။