ဘောလိဝုဒ်သရုပ်ဆောင် နာမည်ကြီးစုံတွဲလေးဖြစ်တဲ့ ကသ်ရီနား နှင့် ဗစ်ကီတို့ရဲ့ မင်္ဂလာပွဲအခန်းအနားအပြင်အဆင်များကို ဒီကနေ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ရာဂျစ္စတန်မှာရှိတဲ့ Six Senses Fort အပန်းဖြေစခန်းမှာ စတင်လုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။

Google

ဗီအိုင်ပီ ဧည့်သည်တွေအဖြစ် ဧည့်သည် အယောက် ၁၂၀ ကို ဖိတ်ကြားထားတယ်လို့ သိရပြီး အန္ဒိယနိုင်ငံမှာ တစ်နှစ်အတွင်း အကြီးဆုံး မင်္ဂလာပွဲကြီးဖြစ်တယ်လို့ သိရပါတယ်။ ကသ်ဟာ မင်္ဂလာပွဲအခန်းအနားကို သွားတဲ့အချိန်မှာ ဝတ်စုံအဝါရောင်လေးကို ဝတ်ဆင်ထားပြီး လှချင်တိုင်းလှနေပါတယ်။

Google

မင်္ဂလာပွဲအခန်းအနားမှာ အိန္ဒိယဟင်းလျာနှင့် အနောက်တိုင်းအစားအစာများဖြင့် တည်ခင်းဧည့်ခံသွားမှာဖြစ်ပြီး အီတလီစာဖိုမှူးကြီး အထူးစပါယ်ရှယ်ပြုလုပ်ထားသည့် ငါးလွှာ ကိတ်မုန့်ကြီးကို ခွဲသွားမယ်လို့ သိရပါတယ်။ မင်္ဂလာ ဇနီးမောင်နှံမှ စားသောက်ဖွယ်ရာများကို အိန္ဒိယမှဧည့်သည်များအတွက်သာမက နိုင်ငံခြားမှ လာရောက်ချီးမြှင့်မည့်သူများအတွက်ပါ အကြိုက်တွေ့စေမယ့်ပုံစံလေး စာရင်းပြုစုပြီး စီစဉ်ထားတယ် လို့ သိရပါတယ်။

Google

လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း ကသ်နှင့်ဗစ်ကီတို့ရဲ့ မင်္ဂလာပွဲဟာ လူစိတ်ဝင်စားမှုများပြားလျှက်ရှိပါတယ်။လက်ရှိမှာတော့ ကသ်နှင့် ဗစ်ကီတို့မင်္ဂလာစုံတွဲလေးနှင့် နှစ်ဦးနှစ်ဖက်မိဘတွေဆိုမျိုးတွေအားလုံးဟာ မင်္ဂလာပွဲကျင်းမယ့် တည်နေရာ Jaipur ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။ ကသ်နှင့်ဗစ်ကီတို့ရဲ့ မင်္ဂလာပွဲကို ဒီဇင်ဘာလ ၉ရက်နေ့မှာ ခန်းနားကြီးမားတဲ့ Six Senses Fort Barwara အပန်းဖြေစခန်းကြီးမှာပဲ ကျင်းပသွားမှာဖြစ်ပါတယ်။

Google
Google

အပန်းဖြေစခန်းမှာ လာရောက်တည်ခင်းမယ့် ဧည့်သည်များအတွက် ဘောလိဝုဒ်ဇနီးမောင်နှံမှ တင်းကြပ်သော စည်းကမ်းများ ချမှတ်ထားပြီး မိုလ်ဘိုင်းဖုန်းတွေပါ  ယူမလာရတဲ့အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။