ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာဆိုရင် မိဘမဲ့ကလေးလေးတွေ ၊ မိဘက မကျွေးမွေးနိုင်တော့တဲ့ ကလေးလေးတွေကို ပြုစုစောင့်ရှောက်ပေးနေတဲ့သူဖြစ်ပါတယ်။ အာကြီးဟာလည်း ခိုင်နှင်းဝေ ပြုစုစောင့်ရှောက်ထားတဲ့ ကလေးလေးဖြစ်ပါတယ်။

Khine Hnin Wai
Khine Hnin Wai

အာကြီးဟာ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ သန္ဓေသားထိခိုက်မှုရှိခဲ့တာကြောင့် နှုတ်ခမ်းပုံပျက်နေတဲ့ကလေးဖြစ်ပါတယ်။ အာကြီးကို နဂိုပုံစံအတိုင်းပြန်ဖြစ်လာစေဖို့အတွက်ခွဲစိတ်ပေးဖို့အတွက်လည်း ပရဟိတမင်းသမီး ခိုင်နှင်းဝေက စီစဉ်ပေးနေတာဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း အာကြီးကို CT Scan ရိုက်ခြင်း ၊ နှလုံးစစ်ဆေးခြင်းနှင့် အခြားလိုအပ်တဲ့ စစ်ဆေးခြင်းတွေ ပြုလုပ်ထားတဲ့အကြောင်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အခုလိုလေးတင်ထားပါတယ်။

Khine Hnin Wai

“ဒီနေ့ ကိုအာကြီးကို CT SCAN ရိုက်ခြင်း ၊နှလုံး စစ်ဆေးခြင်း နှင့် လိုအပ်တာ စစ်ဆေးခြင်းများ ပြုလုပ်ထားပါတယ်ရှင်..အခြေအနေ အဖြေများ အားလုံး ကောင်းပါစေလို့ ဆုတောင်းရပါတယ်..အားလုံးရဲ့ မေတ္တာပို့ ဆုတောင်းလေးများကလဲ အားရှိရပါတယ်..ဖိုက်တင်းပါ သားရေ...❤️❤️”

Khine Hnin Wai

အာကြီးဟာ ခိုင်နှင်းဝေဂေဟာကို ရောက်ရှိလာစဉ်ကတည်းက သူ့ရဲ့ မွေးရာပါချို့တဲ့ ပုံစံလေးကြောင့် လူအများက သနားဂရုဏာထားပြီး ပိုပြီးချစ်ခင်နေတာပဲဖြစ်ပါတယ်။

Khine Hnin Wai

လူအများရဲ့ အချစ်တွေကို ရထားတဲ့ ကိုအာကြီးတစ်ယောက် အမြန်ဆုံးကျန်းမာပြီး ကျန်းမာရေးအဖြေတွေအားလုံးလည်း ကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။