အိုင်အိုဝါ၊ Villisca ရှိ Villisca Axe Murder House ဟာ တစ္ဆေမုဆိုးများနှင့် Horror ချစ်သူများအတွက် လူသိများပြီး ကမ္ဘာလှည့်ခရီးသည်များ ဆွဲဆောင်ရာနေရာဖြစ်ပါတယ်။ အမည်မသိ ပြစ်မှုကျူးလွန်သူရဲ့ ပုဆိန်ဖြင့် လုံးလုံးလျားလျား ကြေမွခဲ့ရတဲ့ ကလေးခြောက်ဦးနှင့် အရွယ်ရောက်ပြီးသူ နှစ်ဦးတို့ရဲ့ ဦးခေါင်းခွံများကို 1912 ခုနှစ်တွင် မဖြေရှင်းနိုင်ပဲ ဆိုးရွားလှတဲ့ လူသတ်မှုတစ်ခု ရှိခဲ့ပါတယ်။ လူတစ်ယောက်ဟာ အဲ့ဒီနေရာအား 1994 ခုနှစ်တွင် ဝယ်ယူခဲ့ပြီး ဒီ‌နေရာကို 1912 အခြေအနေအတိုင်း ပြန်လည်ပြောင်းလဲခဲ့ကြပါတယ်။

သရဲခြောက်တဲ့ အိမ်ဟောင်းတွင် တည်းခိုရန် တစ်ညလျှင် $428 ကုန်ကျပြီး ဧည့်ခန်းအတွင်း ပုဆိန်ကိုင်ဆောင်ထားတဲ့ လူတစ်ဦးရဲ့ အရိပ်များ သို့မဟုတ် ကလေးငယ်များရဲ့ စူးစူးဝါးဝါးအော်သံများကဲ့သို့ ထူးထူးဆန်းဆန်း ကြုံတွေ့ကြရလေ့ရှိကြောင်း လာရောက်တည်ခိုသူတွေက ပြောကြလေ့ရှိပါတယ်။ ဒါပေမယ့် 2014 ခုနှစ်နို၀င်ဘာလတွင်၊ ခြောက်ခြားဖွယ်ကောင်းတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ Rhinelander, Wisconsin မှ အသက် 37 နှစ်အရွယ် Robert Steven Laursen Jr. ဟာ သူငယ်ချင်းများနှင့်အတူ ပုံမှန်အတိုင်းမဟုတ်တဲ့ ထူးထူးဆန်းဆန်းနေရာကို အပန်းဖြေဖို့ ဒီအိမ်ကြီးကို လည်ပတ်ခဲ့ပါတယ်။ ဒါပေမယ့် သူလည်ပတ်တဲ့အချိန်မှာ ထိတ်လန့်စရာဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။

အကြောင်းကတော့ သူရဲ့အဖော်များဟာ သူ့ကို ရင်ဘတ်တွင် ဓားဖြင့်ထိုးခံရသည်ကို တွေ့ရှိခဲ့ရပြီး Laursen အား Omaha ရှိ Creighton University Medical Center သို့ ရဟတ်ယာဉ်ဖြင့် မပို့ဆောင်မီ အနီးနားရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြပါတယ်။ Montgomery County Sheriff's Office မှ Laursen ဟာ 12:45 နာရီခန့်တွင် မိမိကိုယ်မိမိ ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒီအချိန်ဟာ 1912 ခုနှစ် တုန်းက ဖြစ်ပျက်ခဲ့တဲ့ အဲ့ဒီအိမ်ကြီးမှာ ပုဆိန်နဲ့ သတ်ဖြတ်မှုစတင်ချိန်နှင့် အတူတူပင်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Laursen ဟာ ဒဏ်ရာမှ ပြန်လည်သက်သာလာ‌‌ေပမယ့်လည်း အဲ့နေ့တုန်းက အကြောင်းကို လူသိရှင်ကြား မပြောခဲ့ပါဘူး။ အိမ်ပိုင်ရှင် Martha Linn အတွက်တော့ ဒီအဖြစ်အပျက်ဟာ အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်။ “ဒါဟာ လူသိရှင်ကြား ဖြစ်ပေမယ့် မင်းလိုချင်တဲ့ လူသိရှင်ကြား အတိအကျတော့ မဟုတ်ဘူး၊ Villisca Ax Murder House ကို ရောက်တဲ့အခါ တစ်ခုခု ဖြစ်လိမ့်မယ် လို့ လူတွေကို မထင်စေချင်ဘူး။” ဆိုပြီး အိမ်ပိုင်ရှင်က ပြောပြခဲ့ပါတယ်။ အဆိုပါ အိမ်ကို ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်ရန်နှင့် ယနေ့တွင် ညအိပ်တည်းခိုရန် ဖွင့်လှစ်ထားပါတယ်။ ဒီလူက ယနေ့ချိန်ထိ သူ့ရင်ဘက်ကိုဘာကြောင့်များ ကိုယ့်ကိုကို ထိုးခဲ့လဲဆိုတာ မသိရှိကြရသေးပါဘူး။

သတင်းအရင်းမြစ်: ESQUIRE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။