စပိန်နိုင်ငံ ကန်နရီကျွန်းပေါ်က Cumbre Vieja  မီးတောင်ပေါက်ကွဲနေတဲ့ အချိန်ကာလဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ကတည်းက စတင်ခဲ့တာဖြစ်လို့ အခုဆိုရင် သီတင်းပတ် ၁၂ ပတ် ၊ အချိန် ၂ လကျော်သွားပြီပဲဖြစ်ပါတယ်။ မီးတောင်မှ ချော်ရည်များဟာ တစ်စက္ကန့်လျင် ၁ မီတာ (၃ ပေ) နှုန်းဖြင့် ကုန်းဆင်းပိုင်းသို့ စီးဆင်းသွားတာ ဖြစ်တယ်လို့လို့ Canary Islands Volcanology Institute ရဲ့အဆိုအရ သိရပါတယ်။

Google
Google

 ချော်ရည်စီးဆင်းမှုဟာ အရမ်းကို မြန်ဆန်တာကြောင့်ကန်နရီကျွန်ပေါ်က အိမ်တွေတော်တော်များများနှင့် အခြေခံ အဆောက်အဦ ၁၅၀၀ကျော် ကိုလည်း ချော်ရည်များဖြင့် ဖုံးလွှမ်းသွားပါပြီ။ ဒီမြင်ကွင်းကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ ဗုဒ္ဓဟူးနေ့က မြင်တွေ့ရတာပါ။

Google

မီးတောင်အောက်ခြေမှာရှိတဲ့ အိမ်တွေအများစုမှာရှိတဲ့နေထိုင်သူတွေကတော့ ဘေးလွတ်ရာကိုရွှေ့ပြောင်းသွားကြပါပြီ။ ဒါကြောင့် လူသေဆုံးမှု ၊ ထိခိုက်ဒဏ်ရာရမှု တွေတော့ မရှိတော့ပါဘူး။ ချော်ရည်တွေက နေရာတော်တော်များများကို ရောက်ရှိနေပြီး တောင်ကုန်းပေါ်က ခရစ်ယာန် ဘုရားကျောင်းက လွဲရင် အခြားအဆောက်အဦတွေအကုန်လုံးနီးပါးကို ချော်ရည်တွေ ဖုံးလွှမ်းသွားတာပါ။ အခုဆိုရင်တော့ ခရစ်ယာန်ဘုရားကျောင်းလေးလည်း ချော်ရည်တွေအောက်ကို ရောက်သွားလောက်ပါပြီ။

Google
Google

ကန်နရီကျွန်းပေါ်က နေရာတော်တော်များများကို ချော်ရည်တွေဝါးမြိုသွားပြီး မြို့ပျက်ကြီးအလားဖြစ်သွား မြင်ကွင်းကြီးက ကမ္ဘာတစ်ဝှမ်းကလူတွေကို အံ့သြတုန်လှုပ်သွားစေပါတယ်။တကယ်ကိုကြောက်စရာမြင်ကွင်းကြီးနော် ။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။