မော်ဒယ်သန္တာလှိုင်ဟာ သူနဲ့အဆင်ပြေအသားကျနေတဲ့နိုင်ငံကနေ မိသားစုသားသမီးတွေရှိတဲ့ တိုင်းတစ်ပါးကို ထပ်မံရောက်ရှိသွားပါပြီ။  သူမဟာ အသက် ၄၀ ကျော်နေပြီဖြစ်ပေမယ့် မိန်းကလေးတိုင်း အားကျရတဲ့ ကိုယ်ခန္ဓာအချိုးအစား ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ သန္တာလှိုင်က နိုင်ငံခြားမှာ သားသမီးတွေကိုထားခဲ့ပြီး မြန်မာနိုင်ငံကိုရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်တွေအများကြီးကြိုးစားလုပ်နေရင်း အခုလိုတိုင်းပြည် အာဏာသိမ်းမှုနဲ့ကြုံခဲ့တာဖြစ်ပါတယ်။ ဒီကြားထဲမှာ သန္တာလှိုင်ဟာ ပြည်သူတွေနဲ့တောက်လျောက်ရပ်တည်ပေးခဲ့ပြီး သူမသားသမီးတွေဆီကိုပြန်တဲ့အခါမှာလည်း လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ သန္တာလှိုင်တစ်ယောက် သူမချစ်တဲ့ သားသမီးတွေဆီကိုရောက်ရှိနေပြီဖြစ်တဲ့အကြောင်းကို ဗီဒီယိုလေးနဲ့ အခုလိုလေး ရေးတင်လာပါတယ်။

Thandar Hlaing

“ဒီလိုသားမျိုးကို သားကို ဘယ်အမေက မကြွေဘဲ နေမလဲ....?

ဘဝတစ်ကွေ့ချိုးမှာ ပျော်ရာနေရာကိုစွန့်ပြီး တော်ရာကနေပဲ စလုံးရေက ပြန်စရမှာပါ၊ ဒါပေမယ့် ဒီတစ်ခါတော့ သားနဲ့ သမီးရောနဲ့ မိသားစု စုံစုံလင်လင် ပြန်စရတဲ့ အတွက် ဒီနေရာအထိရောက်အောင် ကူညီပေးခဲတဲ့သူတွေအားလုံးကိုရော စိတ်ပူပေးကြတဲ့သူတွေအားလုံးကိုပါ အရမ်းကို ကျေးဇူးတင်ပါတယ်။

သားကိုဖက်ပြီး နမ်းလိုက်တိုင်း အိမ်မပြန်လာနိုင်တော့တဲ့ သားသမီးတွေကို မျော်နေမယ့် မိဘတွေ့၊ သားသမီးတွေ စွန့်လွတ်လိုက်ရတဲ့ မိဘတွေရဲ့ ရင်ထဲကခံစားမှူကို ဖျောက်လို့မရဘူး၊ ရင်ထဲမှာ နင့်နေတုန်းပါ။ ဘယ်တော့မှ မမေ့ပါဘူး။

အားလုံးကို သတိရနေပါတယ် ....”

Thandar Hlaing

သန္တာလှိုင်ဟာ သူမသားကိုဖက်ပြီးနမ်းလိုက်တဲ့အချိန်တိုင်း အိမ်မပြန်လာနိုင်တော့တဲ့ သားသမီးတွေကို မျှော်နေတဲ့မိဘတွေနဲ့ သားသမီးတွေကို စွန့်လွှတ်လိုက်ရတဲ့ မိဘတွေကို ကိုယ်ချင်းစာမိပြီး ခံစားရကြောင်းပြောထားပါတယ်။

Thandar Hlaing

သူမကိုယ်တိုင်လည်း သားသမီးတွေနဲ့ ၂ နှစ်ကြာခွဲခွာခဲ့ရပြီးမှ ပြန်တွေ့ရတာကြောင့် အခုလို ခံစားချက်မျိုးကို ကောင်းကောင်းသိတယ်လို့ ဆိုပါတယ်။

Thandar Hlaing

အခုလို သားသမီးလေးတွေဆီ အခက်အခဲတွေကြားက ပြန်ရောက်သွားခဲ့ပြီဆိုတော့ သန္တာလှိုင်အတွက် တကယ်ဝမ်းသာမိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။