ကျောင်းသားဘဝတုန်းက သမိုင်းဖြစ်ရပ်ကြီးတွေကို သင်ခဲ့ရပေမဲ့ စိတ်ဝင်စားစရာ အချက်အလက်သေးသေးလေးတွေကို မသင်ပေးခဲ့ကြပါဘူး အထင်ကရဖြစ်ရပ်တွေကိုပဲ ဦးစားပေးသင်ခဲ့ရတာကြောင့်ပါ အဲ့လိုအထင်ကရဖြစ်ရပ်တွေထဲက တချို့အကြောင်းအရာ သေးသေးလေးတွေကလည်း အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်

တချို့အကြောင်းတွေဆို အရင်အချိန်နဲ့ အခုအချိန် လုံးဝ ဆန့်ကျင်ဖက် ဖြစ်နေကြပါပြီ အဲ့ဒီထဲကမှ ဘယ်ကျောင်းသုံး ဖတ်စာအုပ်မှာမှ ရှာမရတဲ့ စိတ်ဝင်စားစရာ အချက်တွေကို သိပြီး တအံ့တဩ ဖြစ်ရအောင် တင်ဆက်ပေးလိုက်ပါတယ်

Photo Credit

အခုခေတ် အမျိုးသမီးတွေ လှလှပပနဲ့ စီးတတ်ကြတဲ့ ဒေါက်ဖိနပ်တွေဟာ အစကတုန်းက အမျိုးသားတွေအတွက် ရည်ရွယ်ခဲ့တာပါ အမျိုးသားတွေကပဲ နှစ်တွေအများကြီး စီးခဲ့ကြပါတယ် 200 BC လောက်တုန်းက ဂရိပြဇာတ်သရုပ်ဆောင် အမျိုးသားတွေဟာ စင်ပေါ်မှာ ၄ လက်မလောက်မြင့်တဲ့ ဖိနပ်တွေ  စီးခဲ့ကြပါတယ် ဥရောပ အလယ်ခေတ်လောက်မှာမှ မိန်းကလေးရော ယောကျာ်းလေးရော စီးလာကြပြီး အဲ့တုန်းက လမ်းတွေနဲ့လည်း အဆင်ပြေပါတယ်

Photo Credit

နောက်ပိုင်းကျတော့ ဂုဏ်ယူတဲ့အနေနဲ့ စီးလာကြပြီး ဒေါက်ပိုမြင့်လေ စီးတဲ့လူက ပိုအရေးကြီးလေ ဖြစ်ပါတယ် ၂၀ လက်မလောက်ထိမြင့်တဲ့ ဖိနပ်တွေကိုပါ စီးခဲ့ကြ‌တာကြောင့် လမ်းလျှောက်ဖို့တောင် ခက်ခဲကြမှာပါ ဒါပေမဲ့ စီးထားသူကတော့ ဆရာကြီးပုံ ပေါက်တာပေါ့

Photo Credit

မနက်အိပ်ယာကနိုးတာနဲ့ ကော်ဖီဖြစ်စေ လက်ဖက်ရည်ဖြစ်စေ သောက်ပြီး နေ့တစ်နေ့ကို စတင်ကြပေမဲ့ အဲ့ဒါတွေ မရှိခင် ခေတ်တုန်းက မနက်ခင်းဆို ဘာတွေ သောက်ကြတယ် ထင်ပါသလဲ ရေဆိုရင်တော့ မဟုတ်ပါဘူး အလယ်ခေတ်တုန်းက ရေဟာ ကျန်းမာရေးနဲ့ မညီညွတ်‌တာကြောင့် သောက်တာနဲ့ နေမကောင်း ဖြစ်နိုင်တာကြောင့်ပါ အသီးအအေးတွေ ရပေမဲ့ အားလုံးက အရက်ကိုပဲ ပိုကြိုက်ကြပါတယ် နို့ကိုလည်း ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက်လို့ပဲ သတ်မှတ်ထားတာကြောင့် နေမကောင်းဖြစ်ချိန်ကျမှ နို့သောက်ကြပါတယ် ချမ်းသာတဲ့ လူတွေမှာ ဝိုင်တွေကို စုထားကြပြီး ရောမတွေဟာဆိုရင် မုယောစပါးနဲ့ ဘီယာတွေလုပ် တခြားသီးနှံတွေနဲ့လည်း အရက်ရအောင် လုပ်ကြတာကြောင့် အဲ့ခေတ်မှာ အားလုံးက မိုးလင်းတာနဲ့ မူးနေကြမှာပါ 

Photo Credit

လူသားတွေအတွက် အကောင်းဆုံး စားသောက်တဲ့ပုံစံက ထိုင်ပြီးစားတာနဲ့ မတ်တပ်ရပ်စားတာဖြစ်‌ပေမဲ့ ဂရိတွေဟာ ဟိုးတုန်းက လှဲပြီး အစာစားကြပါတယ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၇၀၀ ကျော်မှာ ရောမတွေကပါ အဲ့အကျင့်ကို လိုက်တုခဲ့ကြပါတယ် အိပ်ရင်းအစားစားတာက ချမ်းသာမူနဲ့ အာဏာရှိမူကို ပြသတာလို့လည်း လက်ခံခဲ့ကြပါတယ် တခါတလေဆို ခုတင်အကြီးကြီးတွေပေါ်မှာ အုပ်လိုက်ကြီး အိပ်ရင်း ဝိုင်းဖွဲ့စားသောက်ကြလေ့ ရှိပါတယ်

Photo Credit

ယနေ့ခေတ် ခွဲစိတ်မူတွေမှာ မပါမဖြစ်ဟာ မေ့ဆေးပါ ခွဲစိတ်ခြင်းရဲ့ နာကျင်မူဟာ အရမ်းပြင်းတာကြောင့် ဖြစ်ပါတယ် ဒါဆို အရင်ခေတ်က ခွဲစိတ်ဆရာဝန်တွေဟာ မေ့ဆေးနေရာမှာ ဘာကို အသုံးပြုခဲ့ကြသလဲ ဘေဘီလုံလူမျိုးတွေနဲ့ ဆူမေးရီးယန်းတွေက မေ့ဆေးအတွက် ဖြေရှင်းနည်းကို အမြဲရှာဖွေခဲ့ကြသလို အရက်ကိုလည်း အသုံးပြုခဲ့ကြပါတယ်

Photo Credit

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော်တုန်းက ဆူမေးရီးယန်းတွေ မေ့ဆေးအဖြစ် ဘိန်းကို အသုံးပြုခဲ့ကြတယ်ဆိုတာ မသေချာပေမဲ့ အာမေးနီးယန်းတွေ နှစ် ၂၇၀၀ ကျော်က သုံးခဲ့တာကတော့ သေချာပါတယ် အိန္ဒိယနဲ့ တရုတ်မှာဆို ဘိန်းနဲ့ ဝိုင်ကို တွဲသုံးကြပြီး အင်္ဂလန်မှာကတော့ ထင်ရှူးပင်တစ်မျိုးက ရတဲ့ အရည် ဆလပ်ရွက်ကရတဲ့ အရည်တစ်မျိုးတို့ကို အသုံးပြုခဲ့ကြပါတယ် 

Photo Credit

ပြင်သစ်နဲ့ ပဲရစ်အကြောင်းကိုပြောရင် အီဖယ်မျှော်စင်က မပါမဖြစ်ပါပဲ ပဲရစ်မှာ တည်ရှိနေတာ နှစ် ၁၀၀ ကျော် ကြာပါပြီ ၉၈၄ မီတာ အရှည်ရှိတဲ့ မျှော်စင်ကြီးကို ၁၈၈၉ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီးနောက် နှစ် ၂၀ တိတိ‌ မြို့လယ်ခေါင်မှာထားဖို့ လိုင်စင်ရခဲ့ပါတယ် နှစ် ၂၀ နောက်ပိုင်းမှာ ရုပ်‌ဆိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျက်ချဖို့ တောင်းဆိုခဲ့ကြတာကြောင့် မျှော်စင်ကို ဒီဇိုင်းဆွဲသူ ဂူစတက်ဗ် အီဖယ်က မျှော်စင်ကြီးပေါ်မှာ ရေဒီယို သုသေတနလုပ်ငန်းနဲ့ လေကြောင်းပြသရေး လုပ်ငန်းကို စတင်ခဲ့ပါတယ်

Photo Credit

ဒီလိုနဲ့ ပထမကမ္ဘာစစ်ကို ရောက်ရှိလာပြီးနောက် ဂျာမန်တွေရဲ့ ရေဒီယိုစနစ်ကို ကြားဖြတ်နားထောင်ဖို့ အသုံးပြုခဲ့ကြပါတယ် ဂျာမန် စစ်ဗိုလ်တစ်ယောက် တိုက်ခိုက်မူကို အချိန်နောက်ဆုတ်မယ်ဆိုတဲ့ အကြောင်းကြားမူကို ဖမ်းယူရရှိခဲ့ပြီးနောက် ပြင်သစ်တပ်တွေက စတင်တိုက်ခိုက်ခဲ့တဲ့အတွက် ပဲရစ်မြို့ကြီးကျရှုံးမှာကို ကာကွယ်နိုင်ခဲ့ပါတယ် ပြင်သစ်ရဲ့ ပထမဆုံး တီဗွီလှိုင်းတွေကိုလည်း ပဲရစ်မျှော်စင်ကနေ စထုတ်လွှင့်ခဲ့တာပါ

ဒါတွေကတော့ သမိုင်းဖြစ်စဉ်တွေထဲက သိပ်နာမည်မကြီးခဲ့တဲ့ စိတ်ဝင်စားစရာ အချက်အလက်တွေပါ တချို့တွေကတော့ တော်တော်လေး ကြောင်တောင်တောင် နိုင်ပါတယ် ဒီလိုအချက်အလက်တွေထဲကမှ ဘယ်တစ်ခုဟာ စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်သလဲဆိုတာ အကဲဖြတ်ကြည့်ကြပါဦး  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။